Monday, March 11, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda နှင့်တွေ့ဆုံ



ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၁၁ နံနက်ပိုင်းတွင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌဖြစ်သူ General Prem Tinsulanonda ၎င်း၏ နေအိမ်ဧည့်ခန်းမတွင်ဂါရ၀ပြုတွေ့ဆုံသည်။ 
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်အတိုင်ပင်ကောင်စီ ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipaat Benyasri နှင့် ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။ 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်ကောင်းမွန်မှု အခြေအနေများ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်မှ ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်ခြင်းနှင့် အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ 


Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် 
The Ladies News
 

0 comments:

Post a Comment