အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီး ခံထားရသည့် တနင်္သာရီတိုင်းဝန် ကြီးချုပ်နှင့် GGS ကုမ္ပဏီဒါရိုက် တာဦးအောင်မြတ်တို့ကို ချုပ်ရက် ရမန်ယူ၍ ထားဝယ်အကျဉ်း ထောင်သို့ ပို့ဆောင်ထားပြီး GGS ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးသိန်းထွေးနှင့်မန်နေဂျာဦးသူရအုံတို့ကို ရန်ကုန်မြို့တွင် စစ်ဆေးနေကြောင်းတနင်္သာရီတိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူဒုရဲမှူးကြီးစိန်ဝင်းက ယမန်နေ့တွင် ပြောသည်။
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ကော့ သောင်းမြို့နယ် တရားရုံးတွင် ရ မန်ယူပြီး ထားဝယ်အကျဉ်း ထောင်သို့ ပို့ဆောင်ထားကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက 7Day Daily သတင်းစာအားပြောသည်။ ထို့ အပြင် GGS ကုမ္ပဏီ ဒါရိုက်တာ ဦးအောင်မြတ်ကို ထားဝယ်မြို့ နယ် တရားရုံးတွင် ရမန်ယူ၍ထား ၀ယ်အကျဉ်းထောင်သို့ ပို့ဆောင် ထားကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။
ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့ မော်နှင့် ဦးအောင်မြတ်တို့ကို မတ် လ ၂၅ ရက်တွင် ရုံးချိန်းဆင့်ခေါ် ထားပြီး ၀န်ကြီးချုပ်ကိုလည်းထား ၀ယ်တရားရုံး၌ စစ်ဆေးမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြော သည်။
ထို့အပြင် ဦးသိန်းထွေးနှင့် ဦးသူရအုံတို့ကို ရန်ကုန်မြို့ရှိ ရန်ကင်းမြို့နယ်ရဲစခန်းနှင့် တာမွေမြို့နယ်ရဲစခန်းတို့တွင် တစ်ဦးစီချုပ်နှောင်စစ်ဆေးနေပြီး ယမန် နေ့က ရမန်ယူထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းတို့နှစ်ဦးကို ထားဝယ်မြို့ တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ပို့ ဆောင်ရမည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့တွင်သာ စစ်ဆေးနေ ကြောင်း မတ်လ ၁၁ ရက်တွင် ၎င်းက ဆက်လက်ပြောသည်။
ယမန်နေ့က ကော့သောင်း မြို့တွင် ဖမ်းဆီးထားသော တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို လေယာဉ်ဖြင့် ထားဝယ်မြို့သို့ခေါ် လာခဲ့သည်။ ညနေပိုင်းတွင် ထား ၀ယ်လေဆိပ်သို့ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ရောက်ရှိ လာပြီးနောက် လေဆိပ်အနီးလာ ရောက်စောင့်ဆိုင်းနေသည့် ဒေ သခံများက သံပုံးဝိုင်းတီး၍ ‘‘သူ ခိုး သူခိုး ထွက်ထွက်’’ ဟု ဆိုကာ အော်ဟစ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် ကို အဂတိလိုက်စားမှုကျူးလွန် ကြောင်း တိုင်ကြားစာများနှင့်ပတ် သက်ပြီး ကော်မရှင်က ဖေဖော်ဝါ ရီ ၄ ရက်ကစ၍ မတ်လ ၆ ရက် အထိစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ စည်းကာ နေပြည်တော်၊ ရန်ကုန် နှင့်ထားဝယ်မြို့တွင် စုံစမ်းစစ် ဆေးပြီး စစ်ဆေးတွေ့ရှိချက်များအရ ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်ကို အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ဖြင့်လည်းကောင်း၊ Global Grand Services (GGS) ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာဦး အောင်မြတ်နှင့် ဦးသူရအုံတို့ကို ပုဒ်မ ၅၅/၆၃ တို့ဖြင့် အမှုလေးခုခွဲ၍ အရေးယူပေးရန် ထားဝယ်မြို့ရဲစခန်း၌ ကော်မရှင်ကမတ်လ ၁၀ ရက်တွင် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်ခဲ့ကြောင်းကော်မရှင်က ထုတ်ပြန်ထားသည်။
ယင်းဥပဒေပုဒ်မ ၅၅ဖြင့်ပြစ်မှုထင်ရှားစီရင်ခံရလျှင် ၁၅ နှစ် ထက်မပိုသော ထောင်ဒဏ်အပြင် ငွေဒဏ်လည်းကျခံရနိုင်သည်။
7Day







0 comments:
Post a Comment