ထိုင်း နိုင်ငံ မယ်ဆိုင်မြို့၌ လေထုအရည် အသွေးကျဆင်းပြီး လေထုညစ်ညမ်း နေမှုဖြစ်ပွားနေမှုမှာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ပါ သက်ရောက်နေခြင်းကြောင့် တာ ချီလိတ်မြို့တွင် လေထုညစ်ညမ်းမှု နှင့် အမှုန်အမွှားများ လျော့ကျစေ ရန်အတွက်မီးသတ်ယာဉ်များဖြင့် လေထု အတွင်းသို့ ရေဖျန်းပေးခြင်း နှင့် Mask များ ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ပေးနေရကြောင်း သိရသည်။
ကမ္ဘာ့လေထုအရည်အသွေး စောင့်ကြည့်ရေး ဝက်ဘ်ဆိုဒ်များ ၏ထုတ်ပြန်ချက်အရ မတ် ၁၄ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့နှင့် ကပ်လျက်ရှိသည့် ထိုင်းနိုင်ငံ၊ မယ် ဆိုင်မြို့၌ လေထုညစ်ညမ်းမှုအ ညွှန်းကိန်း ၂၉၆ (အဆင့် ၅)အထိ ရောက်ရှိနေကြောင်း တာချီလိတ် ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦး စီးဌာနမှ သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင် လေထုအရည်အသွေး ကျဆင်းမှု သည်ထိုင်းနယ်စပ်ဖြစ်သည့် တာ ချီလိတ်မြို့အား သက်ရောက်နေ ခြင်းကြောင့် လေ ထုတွင်း အမှုန် အမွှားများလျော့ကျရေးနှင့် ပြည် သူများကျန်းမာရေးအတွက် မီး သတ်ယာဉ်နှစ်စီးဖြင့် ရေမှုန်ဖျန်း ခြင်းလုပ်ငန်းကို နယ်စပ်ချစ်ကြည် ရေးတံတားအမှတ်(၁)၏ အဝိုင်း အနီး၌ လုပ်ဆောင်ခဲ့သည့်အပြင် Mask မျက်နှာဖုံးစွပ် ၆၀၀၀ ကို လည်း ချစ်ကြည်ရေးတံတားနှင့် ပြည်ထောင်စုလမ်းမကြီးရှိ ဘုရင် နောင့်ရုပ်တုရှေ့အနီး၌ မတ် ၁၄ ရက် နံနက် ၁၀ နာရီခန့်က ဖြန့်ဝေ ပေးခဲ့သည်။
"မျက်နှာဖုံးစွပ်ဝေတာ၊ ရေ မှုန်ဖျန်းတာတွေအပြင် မြို့တွင်းမှာ ကားတွေနဲ့ လှည့်လည်ပြီးကျန်းမာ ရေး အသိပေးတာကိုလည်း လုပ် ဆောင်နေပါတယ်။ ရေမှုန်တွေ ဖျန်းပက်တာကို တစ်ရက်ကို သုံး ကြိမ်ခန့်လုပ်ဆောင်သွားမှာပါ။ မယ်ဆိုင်ဘက်ကိုလည်း အကူအ ညီတောင်းပြီး လေထုအရည်အသွေး တိုင်းတာတဲ့စက်တွေကို တာချီလိတ် ဘက်ကို သယ်လာလို့ရရင်သယ် လာပြီး လေထုအရည် အသွေးတိုင်း တာပေးဖို့ အကူအညီတောင်းထား ပါတယ်" ဟု တာချီလိတ်ခရိုင် အုပ် ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြော သည်။
တာချီလိတ်မြို့မှ ပြည်သူများ အနေဖြင့် လေထုညစ်ညမ်းမှု ကြောင့် ကျန်းမာရေး ထိခိုက်မှုများ ရှိလာပါက ပြည်သူ့ဆေးရုံသို့အမြန် ဆုံး လာရောက်ပြသရန်နှင့် ကျန်း မာရေးဆိုင်ရာကိစ္စများလည်း တစ် စုံတစ်ရာဖြစ်ပွားလာပါက အမြန် ဆုံး လာရောက်ပြသကြရန် တာချီ လိတ်ခရိုင်ပြည်သူ့ဆေးရုံမှ နှိုးဆော် ထားသည်။။
လေထုညစ်ညမ်းမှု အညွှန်း ကိန်း ၂ဝဝနှင့် ၃ဝဝကြားသည် ကျန်းမာရေးအတွက် အလွန်မသင့် လျော်သည့် ပမာဏဖြစ်ကြောင်း ၃၀၀ ကျော် (အဆင့် ၆)သို့ ရောက် ရှိလာပါက အလွန်အန္တရာယ်များ သည့် အခြေအနေသို့ ရောက်ရှိနိုင် ကြောင်း တာချီလိတ်ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
TT/Democracytoday







0 comments:
Post a Comment