Thursday, March 14, 2019

တောင်ငူမြို့တွင် ငွေကျပ် ၂၈,၉၅၇ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


တောင်ငူမြို့တွင် ငွေကျပ် ၂၈,၉၅၇ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
မတ် ၁၃ ရက် ၀၀၂၀ အချိန် အမှတ်(၃)တောင်ငူနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် တောင်ငူမြို့၊(၄)မိုင် စစ်ဆေးရေးဂိတ်တွင် ထွန်းထွန်းလင်း မောင်းနှင်ပြီး စိန်လွင်ဦး လိုက်ပါလာသည့် HINO အမျိုးအစား(၆)ဘီး မော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် ပိတ်ဆို့ ရှာဖွေရာ သပြေလှကျေးရွာအနီး၌ ထွန်းထွန်းလင်း အား မော်တော်ယာဉ်နှင့်အတူတွေ့ရှိရပြီး စိန်လွင်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွား၍ မော်တော်ယာဉ်ကိုဆက်လက်စစ်ဆေးရှာဖွေရာ ပီနံအိတ် ၃ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅,၂၅၀ ပြား၊ ငွေ ၉၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့သဖြင့် ထွန်းထွန်းလင်း(၃၅)နှစ်နှင့် စိန်လွင်ဦး(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

The Ladies News

0 comments:

Post a Comment