အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့က ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင် FPNCC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော ပြန်လည်တွေ့ဆုံကြဖို့ ရှိပါတယ်။
ဒီတွေ့ဆုံပွဲကို မတ်လ ၉ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး၊ NCA အဖွဲ့ ၁ဝ ဖွဲ့က ကိုယ်စားလှယ်တဦးစီနဲ့ FPNCC က အတွင်းရေးမှူး ဦးခင်ဇော်ဦး ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံကြမှာလို့ ရခိုင်ပြည်နယ်လွတ်မြောက်ရေး ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။
KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ဟာ ၂ဝ၁၈ အောက်တိုဘာလကစပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ရပ်တန့်ထားခဲ့တာပါ။
ဆွေးနွေးပွဲတွေ ပြန်ပြီးစတင်နိုင်ရေးအတွက် အစိုးရဘက်က ကမ်းလှမ်းလာတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က လက်ခံလိုက်တာလို့လည်း ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။
RCSS အနေနဲ့ အစိုးရနဲ့ သီးခြားတွေ့ဆုံဖို့ မရှိသေးပေမယ့်၊ အပစ်ရပ်အဖွဲ့တွေရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း တွေ့ဆုံသွားမှာ ဖြစ်တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။
ထိုင်းနိုင်ငံ ချင်မိုင်မြို့က NCA အပစ်ရပ်အဖွဲ့ဝင်များ အစည်းအဝေး။
Photo: RFA







0 comments:
Post a Comment