Wednesday, March 6, 2019

ယူကရိန်း Ukrspecexport ကုမ္ပဏီက မြန်မာမှာ စက်ရုံတည်ဆောက်မည်


ယူကရိန်းနိုင်ငံအခြေစိုက် စစ်လက်နက်ပစ္စည်း ပို့ကုန်၊ သွင်းကုန် အေဂျင်စီ Ukrspecexport ဟာ မြန်မာနိုင်ငံမှာ သံချပ်ကာကား တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံကို တည်ဆောက်ပေးဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်တယ်လို့ စစ်ဖက်ဆိုင်ရာအွန်လိုင်း သတင်း Defence Blog က ဖော်ပြခဲ့ပါတယ်။ 
လက်ရှိအချိန်မှာ ယူကရိန်း ကုမ္ပဏီဘက်ကနေ လိုအပ်တဲ့ စက်ပစ္စည်းတွေ ပေးပို့ထားပြီး၊ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်နေပြီလို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။ 

အဲဒီ စက်ရုံမှာ BTR-4U အမျိုးအစား personnel carrier သံချပ်ကာကားတွေနဲ့ 2S1U အမျိုးအစား ဟောင်ဝိုက်ဇာ အမြောက်ပါ သံချပ်ကာကားတွေ တပ်ဆင်ထုတ်လုပ်မယ့် production line တွေ ပါရှိမှာ ဖြစ်ပြီး၊ စက်ရုံကို ၂ဝ၂ဝ နှစ်လယ်လောက်မှာ စတင်လည်ပတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။ 

အဲဒီ စက်ရုံနဲ့ပက်သက်လို့ ဖြေကြားဖို့ကို မြန်မာနဲ့ ယူကရိန်း နှစ်ဖက်စလုံးက ငြင်းဆန်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

Photo: Ukrspecexport
RFA

0 comments:

Post a Comment