သားမယားအဖြစ်ပြုကျင့်သည်ဟု စွပ်စွဲခံထားရသည့် ဖျာပုံမြို့နယ် NLD ဥက္ကဋ္ဌက စွပ်စွဲထားသူအား နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀/၁၂ ဖြင့် ဖျာပုံမြို့နယ်တရားရုံးတွင် မေ ၆ ရက်က စတင်စစ်ဆေးခဲ့ပြီး နှစ်ဖက်လာ ရောက်ဝန်းရံသူများကြောင့် တရားရုံးဝန်းကိုပါ ပိတ်ထားခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သားမယားအဖြစ်ပြုကျင့်ခံရသည်ဟုဆိုသော ၁၄ နှစ်အရွယ် မအေးမြတ်သူ ဖျာပုံမြို့နေသူမှာ ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ဖျာပုံ NLD ပါတီဥက္ကဋ္ဌ ဦးမင်းဆွေ၏ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ် ထားသော Great Light ကိုယ်ပိုင်အထက် တန်းကျောင်းတွင် အစ်မဖြစ်သူ မခင်ချိုသက် နှင့်အတူ ၂၀၁၇ ခုနှစ်တွင် အလုပ်လုပ်ခဲ့ ကြောင်း၊ ယင်းနောက် မအေးမြတ်သူမှာ ရန်ကုန်မြို့ရှိ ကို--- ဆိုသူ (CCTV များ တပ်ဆင်ခြင်းလုပ်ငန်းများလုပ်ကိုင်သူ) ထံတွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၃ ရက် တွင် ကို--- ၏ အဘွားဖြစ်သူအားပြုစုရန် သွားရောက်အလုပ်လုပ်ကိုင်ခဲ့သေးကြောင်း၊ ကို--- ၏ အ ဘွားဆုံးပါးပြီးနောက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလခန့်တွင် နေအိမ်သို့ ပြန်လာခဲ့ကြောင်း၊ ယင်းနောက် မအေးမြတ်သူနှင့် အစ်မဖြစ်သူ မခင်ချိုသက်နှင့် အတူ ၂၀၁၈ ခုနှစ် ဧပြီလ တွင် Great Light ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် ထပ်မံအလုပ်ဝင်ခဲ့ကြောင်း၊ ယင်းနောက် သြဂုတ်လတွင် ကျန်းမာရေး မကောင်းသောကြောင့် နေအိမ်သို့ ပြန်လာခဲ့ပြီးနောက် ကိုယ်ဝန်ရှိနေကြောင်း သိရှိရ၍ မေးမြန်းရာတွင် Great Light ကိုယ်ပိုင် အ ထက်တန်းကျောင်းတွင် နေထိုင်စဉ် ဦးမင်းဆွေက သားမယားအဖြစ် ပြုကျင့်ခဲ့သောကြောင့် ကိုယ်ဝန်ရရှိသည်ဟု ပြောကြားခဲ့ ကြောင်း၊ ထို့နောက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် ကလေးမွေးဖွားခဲ့ပြီး မွေးစာရင်း ထုတ်ရန် ဖခင်အမည်အား ဆေးရုံတွင် နာမည်ပေးသွင်းစဉ် ဦးမင်းဆွေ၏ အမည်အား ပေးသွင်းခဲ့သောကြောင့် ဦးမင်းဆွေက ဖျာပုံမြို့နယ်ရဲစခန်းတွင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀/၁၂ ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ဖျာပုံမြို့နယ်တွင် ဦးမင်းဆွေက မအေးမြတ်သူ အပါအဝင် ငါးဦးအား တရားစွဲဆိုထား သည့် အမှုကိုမူ မတ် ၆ ရက်တွင် စတင်စစ်ဆေးခဲ့ပြီး ဦးမင်းဆွေအား ထောက်ခံသူများက NLD ပါတီတံဆိပ်ရင်ထိုးများ၊ ဦးမင်းဆွေပုံ ပါ စတေကာများကိုကပ်ကာ တရားရုံးသို့ လူ ၂၀၀ ခန့် လာရောက်နားထောင်ခဲ့ကြပြီး မအေးမြတ်သူဘက်မှလည်း သံဃာတော်များ အပါအဝင် လူ ၅၀ ခန့် လာရောက်နားထောင်ခဲ့ကြောင်း သိရသည်။
“နှစ်ဖက်ထောက်ခံသူတွေ အတော်များများ လာကြတယ်။ တရားရုံးလုံခြုံရေးအရ တရားရုံးတံခါးကို ပိတ်ထားပြီးတော့ မှတ်ပုံတင်ပြမှ ဝင်လို့ရတယ်။ မနက် ၁၁ နာရီ လောက် ပထမအကြိမ်ရုံးကခေါ်တုန်းက မအေးမြတ်သူတို့မရှိလို့ နေ့လယ် ၂ နာရီကို ပြန်ပြီးတော့ ချိန်းပြီးတော့ စစ်တယ်၊ ဒီနေ့ ကတော့ ကျွန်တော်တို့ ကြားရသလောက်က တော့ နှစ်ဖက်ကိုသတင်းစာတွေထဲမှာပါတဲ့ သတင်းခေါင်းစဉ်တွေကို ဖတ်ပြ မှန်သလား မေးလိုက်ရင်းနဲ့ပဲ ပြီးသွားပါတယ်” ဟု တရား ရုံးချိန်းနေရာသို့ သွားရောက်လေ့လာခဲ့သူ ကိုအောင်ကျော်ထက်ဟိန်းက ဆိုသည်။
အဆိုပါ အမှုအား ဆက်လက်စစ်ဆေးရန် မတ် ၁၈ ရက်သို့ တရားရုံးချိန်း ထပ်မံချိန်းဆိုခဲ့ပြီး ဦးမင်းဆွေ၏ ရှေ့နေနှင့် မအေး မြတ်သူတို့အားဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
အလားတူ မအေးမြတ်သူ မိခင်ကလည်း ဦးမင်းဆွေအား ဖေဖော်ဝါရီ ၁၉ ရက်တွင် ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အသက်မပြည့်သေးသော ကလေးငယ်တစ်ဦးအား သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားထားသည်။
Eleven Media Group







0 comments:
Post a Comment