Wednesday, March 6, 2019

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ယုဇနဥယျာဉ်မြို့တော် အိမ်ရာအတွင်းရှိ တိုက်ခန်းတစ်ခန်း၌ နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွား



ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ယုဇနဥယျာဉ်မြို့တော်အိမ်ရာအတွင်းရှိ တိုက်ခန်းတစ်ခန်း၌ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး မတ် ၆ ရက် ညနေပိုင်းက သေဆုံးနေသည့် ရုပ်အလောင်းများကို တွေ့ ရှိခဲ့ကြောင်း သိရသည်။ 
အဆိုပါ နှစ်လောင်းပြိုင် လူသတ်ခံရမှုဖြစ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄) ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော် A ဘလောက်၊ ၉ လမ်းအတွင်းရှိ တိုက်ခန်းတစ်ခန်း၌ အသက် ၃၀ နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ကနဦး သိရသည်။ 

“သေဆုံးတဲ့သူတွေက အမျိုးသားနဲ့ အမျိုးသမီး အသက်ကတော့ ၃၀ ဝန်းကျင် လောက်တော့ရှိမယ်ထင်တယ်။ မနေ့က ညနေက အဲဒီအခန်းရဲ့အောက်ထပ်က အခန်းက ခြေသံတွေ ပြေးတာ လွှားတဲ့ အသံမျိုးတွေ ကြားရတယ်” ဟု လူသတ်မှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အနီး နေထိုင်သူတစ်ဦး က ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် CID ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ပြီး ကနဦးစစ်ဆေးချက်အရ အမှုဖြစ်အား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့မရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


Eleven Media Group
 

0 comments:

Post a Comment