Monday, March 18, 2019

ပျောက်ဆုံးနေသော မန်လီရွာသားများကိစ္စ RCSS တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု တအာင်းပါတီပြော



ပျောက်ဆုံးနေသောမန် လီရွာသား ၁၂ ဦးပြန်လွှတ်ပေးရန် RCSS ထံတောင်းဆိုသည့် ဆန္ဒ ထုတ်ဖော်မှုကို ရှမ်းပြည်နယ်လား ရှိုးမြို့တွင် ပြုလုပ်ရာလူ ၁,၀၀၀ ကျော်ပါဝင်ပြီး ယင်းကိစ္စအပေါ် RCSS အနေဖြင့်တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု တအာင်း ပလောင်အမျိုးသားပါတီက ဆိုသည်။ 
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မတ်လ ၁ ရက် ကဖြစ်ပွားသည့် ရှမ်းပြည် ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP)၊တအာင်းလက် နက်ကိုင်အဖွဲ့ (TNLA) ပူးပေါင်း အဖွဲ့တို့၏ တိုက်ပွဲအတွင်း မန်လီ ရွာသား ၁၂ ဦးပျောက်ဆုံးပြီး RCSS ကဖမ်းဆီးထားသည်ဟု တအာင်းလူမှုအဖွဲ့များက အခိုင် အမာပြောသည်။ ဖမ်းဆီးခံရသူ များ ၁၇ ရက်ကြာသည်အထိ လွတ်မြောက်လာခြင်းမရှိ၍ စိုးရိမ် နေသော ဒေသခံများကဆန္ဒထုတ် ဖော်တောင်းဆိုခြင်းဖြစ်သည်။ 

‘‘ကျွန်မတို့အခု ဆန္ဒထုတ် ဖော်ခဲ့ပြီ။ အခြေအနေစောင့်ကြည့် မယ်။ မထူးရင်ထပ်ပြီး ဆက်လုပ် စရာရှိတာ လုပ်ပါမယ်’’ ဟု တအာင်း အမျိုးသမီးအဖွဲ့အစည်း တွဲဖက်အထွေထွေအတွင်းရေး မှူး (၁) လွေးပိုးကမေဲ့ခြိုင်းကပြောကြားသည်။ 

ဆန္ဒ ထုတ်ဖော်ရာတွင် RCSS အနေဖြင့်အရပ်သားများ အားဖမ်းဆီးထားသည်ကို ရဲရဲဝံ့ဝံ့ ၀န်ခံရန်၊ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရပ်တန့်ရန် ကြွေး ကြော်သည်။ 

မန်လီရွာသား ၁၂ ဦးကို RCSS ကထိန်းသိမ်းထားသည့် အထောက်အထားများ အခိုင်အ မာရထားသည်ဟု တအာင်းပ လောင်အမျိုးသားပါတီဗဟိုကော် မတီဝင်တာလှဖေကပြောသည်။ တိုက်ပွဲနယ်မြေတွင် RCSS တပ် သားတစ်ဦးပြုတ်ကျခဲ့သည့် ဖုန်း တစ်လုံးကောက်ရထားပြီးပျောက် ဆုံးမန်လီရွာသားများကို ရိုက်နှက် စစ်ဆေးနေသည့် ဗီဒီယိုဖိုင်ရရှိ ထားသည်ဟု ၎င်းကဆိုသည်။ 

‘‘ညှင်းပန်းနှိပ်စက်ထားပြီး တော့မှ ဒဏ်ရာဒဏ်ချက်တွေ မျက်နှာမှာတွေ့တယ်။ ဒဏ်ရာ ဒဏ်ချက်တွေရှိနေလို့ လက်ရှိ မလွှတ်သေးဘူးလို့သူတို့ (RCSS) ကအကြောင်းပြချက်ပေးတယ်’’ ဟု RCSS ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးနှင့်မတ်လ ၁၅ ရက်တွင် တွေ့ဆုံ ခဲ့သော တာလှဖေကပြော သည်။ 

ဖမ်းဆီးခံ အရပ်သားများ ပြန်မလွှတ်ပါက RCSS သည် ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်မိ သလိုဖြစ်သွားနိုင်ကြောင်း တာ လှဖေကမှတ်ချက်ပြုသည်။ 

‘‘လုပ်ရပ်အတွက်တာဝန်ယူ မှု၊ တာဝန်ခံမှုမှတ်တမ်းစိုက်ထူမ လားဆိုတာသူတို့ဆုံးဖြတ်ချက်အ ပေါ်မူတည်တယ်’’ ဟု ၎င်းကဆို သည်။ 

ပျောက်ဆုံးနေသော မန်လီ ရွာသားများကို ပြန်လွှတ်ပေးရန် တအာင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (TLCC) အပါအ၀င် တအာင်းလူမှုအဖွဲ့အစည်းခုနစ် ဖွဲ့က မတ်လ ၅ ရက်တွင်ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။ ပျောက်ဆုံးနေသူများသည် အ သက် (၁၅) နှစ်မှ (၄၁) နှစ်ကြား အမျိုးသား ၁၂ ဦးဖြစ်ပြီး၎င်းတို့ တွင် အရပ်သားများကိုကယ် ဆယ်ရေးပြုလုပ်သူ ပရဟိတ အဖွဲ့ဝင်တစ်ဦးပါဝင်နေသည်။ 


RCSS ပြောရေးဆိုခွင့်ရ ဒုတိယဗိုလ်ချုပ်ကြီး စိုင်းဦးထံ မတ်လ ၁၇ ရက်ကဖုန်းခေါ်ဆိုရာ မရခဲ့ပေ။ မတ်လ ၁၆ ရက်က မေးမြန်းမှုတွင် မန်လီရွာသား များပျောက်ဆုံးနေမှုကို ၎င်းတို့ တပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ပြောဆိုနေမှုများ အမှန်တကယ် ဖမ်းဆီးထားခြင်းဟုတ်၊ မဟုတ် စိစစ်နေပြီးအကယ်၍ မှန်ကန် ပါက ပြန်လည်လွှတ်ပေးမည်ဟု 7Day Daily သတင်းစာအား ပြောကြားထားသည်။


7Day 

0 comments:

Post a Comment