Monday, March 18, 2019

လွိုင်ကော်ဗိုလ်ချုပ်ရုပ်တုကိစ္စဖြေရှင်းရေး သမ္မတရုံးဦးဆောင်ဆွေးနွေးမည် ယခုတစ်ကြိမ်မအောင်မြင်လျှင် ထပ်မညှိတော့ဟု သပိတ်ခေါင်းဆောင်ပြော

တစ်နှစ်ခန့်ကြာ နှစ်ဖက်တင်းမာမှုများဖြစ်ပေါ်နေသော ဗိုလ်ချုပ်ရုပ်တုကိစ္စ အပြီးပြတ်ဖြေရှင်းရန် မတ်လ ၂၀ ရက်တွင် လွိုင်ကော်မြို့၌ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်၍ ငါးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည်ဟု ကရင်နီပြည် လူငယ်များအင်အားစု ခေါင်းဆောင်များက ပြောသည်။ 
ဗိုလ်ချုပ်ရုပ်တုကန့်ကွက် သည့် သပိတ်ဦးဆောင်လူငယ် များက လွိုင်ကော်မြို့ ကန္ဒာဟေ ၀န်ပန်းခြံအတွင်း စိုက်ထူထား သည့်ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်တုကို မတ်လ ၁၇ ရက် တွင် နောက်ဆုံးထားပြောင်းရွှေ့ ပေးရန် ကယားပြည်နယ်အစိုးရ အဖွဲ့ထံ အကြောင်းကြားထားစဉ် အဆိုပါအစီအစဉ်ပေါ်ပေါက်လာ ခြင်းဖြစ်သည်။ 

သမ္မတရုံးညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဌေးက ၎င်းကိုယ်တိုင် ဦးဆောင်၍ အပြီးသတ်ဖြေရှင်း ပေးမည်ဟု ဖုန်းဖြင့်ဆက်သွယ် လာသဖြင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို လက်ခံခဲ့ကြောင်း သပိတ်ဦးဆောင်သူ ကိုဒီးဒီက ပြောသည်။ 

မတ်လ ၁၇ ရက် မွန်းလွဲ ၁နာရီခန့်က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်၌ ကချင်လူငယ်နှင့် ကရင်နီပြည်လူငယ်များအင်အား စုတို့ပူးပေါင်း၍ ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနှင့် တိုင်းရင်းသားအခွင့်အ ရေးဆိုင်ရာခေါင်းစဉ်ဖြင့် ပြုလုပ် သည့်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။ 

လွိုင်ကော်မြို့ ငါးပွင့်ဆိုင် ဆွေးနွေးပွဲ၌ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေး၊ ကယားပြည်နယ်အစိုးရ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ဗိုလ်ချုပ်ရုပ်တုဖြစ် မြောက်ရေးကော်မတီတို့နှင့် ဗိုလ် ချုပ်ရုပ်တုကန့်ကွက်သည့် ကရင် နီပြည်လူငယ်များအင်အားစုအဖွဲ့ ဦးဆောင်သူများ ပါဝင်ဆွေးနွေး ရန်စီစဉ်ထားခြင်းဖြစ်သည်။ 

‘‘ပြောရေးဆိုခွင့်ရှိတဲ့ပုဂ္ဂိုလ် (ဦးဇော်ဌေး)ကလည်း ဒီပွဲမှာ အ ပြီးအပြတ်ညှိပါ့မယ်လို့ သူကတိ ပေးလို့ ကျွန်တော်တို့လက်ခံခြင်း ဖြစ်တယ်။ ဆိုတော့ မအောင်မြင် ရင်တော့ နောက်တစ်ခါ ကျွန် တော်တို့မညှိတော့ပါဘူး’’ ဟု ကယားလီဖုလူငယ်ဥက္ကဋ္ဌ ခူးပိုး ရယ်က ပြောသည်။ 

အဆိုပါငါးပွင့်ဆိုင်ဆွေးနွေး ပွဲတွင် ပြေလည်မှုတစ်စုံတစ်ရာ မရရှိပါက မူလတောင်းဆိုချက် ဖြစ်သည့် ဗိုလ်ချုပ်ရုပ်တုဖျက် သိမ်းရေးနှင့် ပြည်နယ်ပြင်ပသို့ ရွှေ့ပြောင်းပေးရေးလှုပ်ရှားမှုများ ကို ပြည်သူ့အားဖြင့် ဆက်လက်ပြု လုပ်မည်ဟု ကရင်နီလူငယ်များ က သတိပေးသည်။ 

ဖေဖော်ဝါရီ ၁၇ ရက်တွင် ဗိုလ်ချုပ်ရုပ်တုဖြစ်မြောက်ရေး ကော်မတီနှင့် ကရင်နီပြည်သူများ ကိုယ်စားပြုညှိနှိုင်းရေးကော်မတီ တို့ တွေ့ဆုံဆွေးနွေးသော်လည်း နှစ်ဖက်ပြေလည်မှုမရဘဲ အစည်း အဝေးပျက်ခဲ့သည်။ 

ထို့နောက် ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့် ကရင်နီပြည်လူ ငယ်များအင်အားစုအဖွဲ့က လွိုင် ကော်မြို့ ကန္ဒာဟေ၀န်ပန်းခြံအ တွင်း စိုက်ထူထားသည့်ဗိုလ်ချုပ် အောင်ဆန်းမြင်းစီးကြေးရုပ်တုကို မတ်လ ၁၇ ရက်နောက်ဆုံးထား၍ ပြည်နယ်အစိုးရအဖွဲ့က တာဝန် ယူပြောင်းရွှေ့ပေးရန်နှင့်မပြောင်း ရွှေ့ပေးပါက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများ၊ သပိတ် မှောက်ခြင်းများဖြစ်ပေါ်လာနိုင် သည်ဟု သတိပေးစာထုတ်ပြန် ထားသည်။ 

လက်ရှိတွင် ကယားပြည် နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်မြင်း စီးကြေးရုပ်တုရှိရာ ကန္ဒာဟေ၀န် ပန်းခြံပတ်လည်ရှိ ခြံစည်းရိုးပေါ် တွင် မတ်လ ၁၄ ရက်ကစ၍ သံ ဆူးကြိုးများ ထပ်မံကာရံခြင်းနှင့် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပန်းခြံအတွင်း လုံခြုံရေးတိုးမြှင့် ချထားသည်။ 

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးညွှန်ကြား ရေးမှူးချုပ်ဦးဇော်ဌေးထံ ဆက် သွယ်မေးမြန်းရန် ကြိုးပမ်းသော် လည်း မရခဲ့ပေ။

7Day

0 comments:

Post a Comment