Wednesday, April 3, 2019

အာမခံလျှော်ကြေးငွေ ပြန်လည်ရရှိလျှင် ပလက်ဝတံတား အမြန်ဆုံးပြန်လည်တည်ဆောက်မည်


AA လက်နက်ကိုင်တပ်ဖွဲ့များမီးရှို့ခဲ့သဖြင့် ပျက်စီးသွားခဲ့သည့် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) ဆောက်လုပ်မည့် သံပေါင်များအတွက် ထားရှိထားသည့် အာမခံငွေများပြန်လည်ရရှိပါက တံတာဆောက်လုပ်ရေးလုပ်ငန်းများကို အမြန်ဆုံးပြန်လည်ဆောင်ရွက်သွားမည်ဟု သိရသည်။ 
MV ရတနာဝင်းသင်္ဘောသည် (၁၀-၃-၂၀၁၉) ရက်နေ့တွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာလာပြီး (၁၆-၃-၂၀၁၉) ရက်နေ့တွင် AA လက်နက်ကိုင်အဖွဲ့၏ မီးရှို့ဖျက်ဆီးမှုကြောင့် တံတား၏ Bearing များ၊ မူလီနှင့် Nut များ၊ သုတ်ဆေးပုံးများ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၇၃၆၀)နှင့် ညီမျှသော မြန်မာကျပ်ငွေ (၄၉၁,၀၄၀,၀၀၀.၀၀)ခန့်ဆုံးရှုံးခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

အဆိုပါသံဘောင်နှင့်ပစ္စည်းများအတွက် IKBZ အာမခံကုမ္ပဏီတွင် ကပ်(၄,၁၈၂,၇၅၀.၀၀) အား (စစ်နှင့်စစ်အသွင်)အာမခံအပါအဝင် အာမခံငွေပေးသွင်းခဲ့သောကြောင့် အဆိုပါအာမခံငွေများ ပြန်လည်ရရှိရန် အမြန်ဆုံးဆောင်ရွက်နေပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်သွားမည်ဟု သိရသည်။ 

သတင်း - လင်းခန့် 
ဓာတ်ပုံ - Zalen
The Standard Time Daily 

0 comments:

Post a Comment