ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သိရိမင်္ဂလာတံတားအောက်မှာ စွန့်ပစ်ထားတဲ့ မွေးကင်းစကလေးငယ်ရဲ့ အလောင်း တလောင်း ဒီကနေ့ မွန်းလွဲပိုင်းက တွေ့ရှိခဲ့ပါတယ်။
နေ့လည်နေ့ခင်း ဘီလူးချောင်းထဲမှာ ရေကူးကစားနေကြတဲ့ ကလေးတွေက အလောင်းကို စတင်တွေ့ရှိခဲ့လို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။
ဒီနောက် တာဝန်ရှိသူတွေရောက်ရှိလာပြီး ကလေးငယ်ရဲ့ အလောင်းကို လွိုင်ကော် ဆေးရုံသို့ ပို့ဆောင်စစ်ဆေးမယ်လို့ ရဲတပ်ဖွဲဝင်တွေက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ – နော်နိုရင်း
DVB
0 comments:
Post a Comment