Tuesday, April 23, 2019

မြမြ၏ဝိညာဉ် ကျောက်စိမ်းဖိနပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းနောက်ထပ်တဦးအား ထပ်မံပူးကပ်


နှစ်ဆန်း ၁ ရက်နေ့က အမျိုးသမီးတဦးအား ၀င်ရောက်ပူးကပ်ကာ မိမိမှာ လူသတ်အလောင်းဖျောက်ခြင်းခံထားရသည်ဟု ပြောဆိုခဲ့သည့် မြမြဆိုသူမိန်းကလေး၏၀ိညာဉ်သည် ယနေ့ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းက ကျောက်စိမ်းဖိနပ်စက်ရုံဝင်းအတွင်းရှိ အမျိုးသမီးဝန်ထမ်းတဦးအား ထပ်မံပူးကပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
ကျောက်စိမ်းဖိနပ်စက်ရုံသည် ဝန်ထမ်းအင်အား (၁၄၀၀)ဝန်ကျင်းရှိပြီး သင်္ကြန်အတွင်း စက်ရုံဖွင့်ပိတ်ထားသောကြောင့် စက်ရုံပြန်လည်ဖွင့်လှစ်သည့် ဧပြီ (၂၃) ရက်နေ့တွင် မမြမြဆိုသည့် ဝန်ထမ်းရှိမရှိကိုစစ်ဆေးနေချိန်တွင် စက်ရုံဝန်ထမ်းအမျိုးသမီးတဦးအား ထပ်မံဝင်ရောက်ပူးကပ်ခြင်းဖြစ်သည်။ 

"အခု ကလေးမလေးတယောက်ကို ဝင်ကပ်နေလို့ အားလုံးအလုပ်ရှုပ်နေကြတယ်။ လောလောဆယ် ဝင်ကပ်ခံနေရတဲ့ကလေးမကို ဘုန်းကြီးကျောင်းခေါ်သွားနေပါတယ်"ဟု စက်ရုံအလုပ်သမားသမဂ္ဂဥက္ကဌ မပိုပို က ပြောသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၇ ရက် နှစ်ဆန်း (၁)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်တွင် အန္တရာယ်ကင်းပရိတ်ရွတ်နေစဉ် အမျိုးသမီးငယ်တဦးအား ဝိညာဉ်ဝင်ပူးကပ်၍ ၎င်းအားမွေ့ယာစက်ရုံမှ ဝန်ထမ်း ၃ ဦးက အဓမ္မပြုကျင့် လူသတ်အလောင်းဖျောက်ခဲ့သည်ဟုပြောဆိုသည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။ 

ထို့ပြင် မမြမြပြောဆိုခဲ့သည့် အလောင်းမြှပ်နှံထားသည်ဆိုသည့် နေရာပတ်ဝန်းကျင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေစုံစမ်းခဲ့သော်လည်း တစုံတရာ မတွေ့ရှိခဲ့ရသေးချေ။ 

ကျော်သူ
News Watch 

0 comments:

Post a Comment