Wednesday, April 3, 2019

၅၉(စ)မပြင်ရေး နှင့် ပုဒ်မ ၂၆၁ အား အမြန်ဆုံးအတည်ပြုပေးရေး မြန်အောင်တွင် ကြံ့ခိုင်ရေး လူထုထောက်ခံပွဲလုပ်


၅၉(စ)အား မပြင်ရေး နှင့် ပုဒ်မ ၂၆၁ အား အမြန်ဆုံးအတည်ပြုပေးရေး စသည့်အကြောင်းအရာများနှင့်ပါတ်သတ်သည့် ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ်ကို မြန်အောင်တွင် မနေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။ 
ကြံ့ခိုင်ရေး ဦးစီးသည့် လူထုထောက်ခံပွဲတစ်ရပ်ဟု ဆိုနေကြပြီး၊မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြံ့ခိုင်ရေးအမတ်ဦးသိန်းထွန်း ၊ကာကွယ်ရေးဝန်ကြီးဟောင်းတို့ ဟောပြောမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ယင်းအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်း မြမီမီဇော်၊ အမျိုးသားရေးစာရေးဆရာ မိုက်ကယ်သန်း တို့လည်းတက်ရောက်ဟောပြောခဲ့သေးကြောင်း သိရသည်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်)ကို ဟောပြောသူအချို့က ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အညီ အတည်ပြုရေးဆွဲထားသည်ဟု ဟောပြောခဲ့ကြပြီး ပုဒ်မ၅၉(စ) အား ပြင်ဆင်ရန်မသင့်ကြောင်း ၊ကြံ့ခိုင်ရေးအမတ်တင်ထားသည့် ပုဒ်မ(၂၆၁) အား ပြင်ဆင်ရေး ဥပဒေကြမ်းကို အမြန်ဆုံးအတည်ပြုနိုင်ရေး စသည်တို့ကိုဟောပြောခဲ့ကြကာ တက်ရောက်လာသူများက ထောက်ခံ ကြောင်း ဟစ်ကြွေး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ 




NW 
Photos Credit-USDP
Isee Media 

0 comments:

Post a Comment