Wednesday, April 3, 2019

အစိုးရလုပ်တိုင်း ပြည်သူတွေသည်းခံပါက တိုင်းပြည်အတွက်မကောင်းဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆို


အစိုးရလုပ် တိုင်း ပြည်သူတွေသည်းခံပါက တိုင်းပြည် အတွက်မကောင်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။ 
ဧပြီ ၂ ရက်က အိမ်မဲမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ゞင်းကအထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။. 
""ပြည်သူတွေရဲ့ စိတ်ဓာတ်ဆို တာ အခြေအနေအရ သည်းခံသင့် တာကို သည်းခံရတယ်။ ဒါပေမဲ့ သည်းမခံသင့်တာကို သည်းမခံရ ဘူး။ အစိုးရလုပ်တိုင်း ခံမယ်ဆိုတဲ့ စိတ်ဓာတ်ရှိလို့လည်းမဖြစ်ဘူး။ အဲဒီလိုဆိုလို့ရှိရင် အစိုးရတွေက လုပ်ချင်တိုင်းလုပ်လို့ရှိရင်လည်း နိုင်ငံအတွက်မကောင်းဘူး""ဟု အတိုင်ပင်ခံကပြောသည်။ 
သို့ရာတွင် တချို့အခြေအနေ များ၌ ကိုယ့်တစ်တိုင်းတည်း ကိုယ့် တစ်မြို့တည်းအတွက်သာကြည့်၍ မရကြောင်း၊ တစ်တိုင်းပြည်လုံး၏ အခြေအနေကို ကြည့်ရမည်ဖြစ် ကြောင်း ၄င်းကဆိုသည်။""ကိုယ့်ထက်ပိုပြီး လိုအပ်နေ တဲ့ နေရာတွေလည်း ရှိတယ်ဆိုတာ ကို နှလုံးသွင်းစေချင်ပါတယ်""ဟု ၄င်း ကပြောသည်။မြန်မာနိုင်ငံသည် ပြည်ထောင် စုဖြစ်သည့်အတွက် ပြည်ထောင်စု ပုံစံမှန်ကန်ရန် နိုင်ငံရေးဘက်က လည်းကြည့်ရပြီး စီးပွားရေးဘက်မှ ကြည့်၍မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့ သည်။ 
ပြည်သူလူထု၏ တင်ပြချက် များကို အစိုးရအနေဖြင့် တတ်နိုင်သ မျှ ဖြေရှင်းပေးနေပြီး မေးမြန်းသည့် မေးခွန်းများကိုလည်း ဖြောင့်ဖြောင့် မတ်မတ် ပွင့်ပွင့်လင်းလင်း ဖြေကြား ပေးနေကြောင်း၊သို့ရာတွင်တောင်းဆို သမျှကိုမူ သဘောတူလက်ခံမည် မဟုတ်ကြောင်း ゞင်းကပြောသည်။ 

#Democracytoday

0 comments:

Post a Comment