ထိုင်းနိုင်ငံရေးပြသာနာတွေ နဲ့ပတ်သက်လို့ ထိုင်း နိုင်ငံရေးပါတီ အနေနဲ့ လွတ်တော်အတွင်း ဆွေးနွေးအဖြေရှာသင့်တယ်လို့ ထိုင်းကာကွယ်ရေးဦးစီးချုပ်က ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို မတ်လ ၂၄ ရက်နေ့က ကျင်းပခဲ့ရာ ရွေးကောက်ပွဲအပေါ် ပြစ်တင်ဝေဖန်မှုတွေရှိနေပါတယ်။
ထိုင်းနိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူတွေကို ဆန္ဒပြပွဲတွေဖြစ်အောင်လုပ်မယ့်အစား နိုင်ငံရေးပြသာနာကိုဆွေးနွေးအဖြေရှာသင့်တယ်လို့ ထိုင်းဗိုလ်ချုပ်ကြီး ခွန်ဆန်ပေါင်ကပြောပါတယ်။
ဒါ့ပြင် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေက ဒီမိုကရေစီကိုပုံပျက်ပန်းပျက်ဖြစ်စေကြောင်း၊ လမ်းပေါ်ထွက်ပြီး နိုင်ငံရေးမတူညီတဲ့အမြင်တွေ ဖြေရှင်းတာကိုခွင်ပြုမှာမဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ်ကဆိုပါတယ်။
ထိုင်း စည်းမျဉ်းခံဘုရင့်စနစ်ကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ဆောင်နေသူတွေကို ထိုင်းကာကွယ်ရေးဦးစီးချုပ်က ယမန်နေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ စည်းမျဉ်းခံဘုရင့်စနစ်၊ ဘာသာရေး၊ နဲ့ နိုင်ငံ အင်စတီကျူးရှင်းတွေကို ကာကွယ်ထိန်းသိမ်းသွားမှာဖြစ်တယ်လို့ ထိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရက် ခွန်ဆန်ပေါင်က ပြောပါတယ်။
နေဝန်း
Isee Media
0 comments:
Post a Comment