Sunday, April 28, 2019

လွှတ်တော် အစည်းအဝေးများ နေပြည်တော်တွင် ပြန်လည် စတင်ပြီ



ခေတ္တ ရပ်နားထားခဲ့သည့် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် အစည်းအဝေးများကို ယနေ့ နေပြည်တော်တွင် ပြန်လည် စတင်လိုက်ပြီး နေ့လယ်ပိုင်းတွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ ပြန်လည်စတင်တော့မည် ဖြစ်ကြောင်း သိရသည်။ 

အများပြည်သူ စိတ်ဝင်စားနေသည့် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကိုလည်း လွှတ်တော်တွင်း လမ်းကြောင်းမှတဆင့် ဆက်လက် ဆွေးနွေးလျက်ရှိပြီး ယခုအကြိမ် ပြည်သူ့လွှတ်တော်တွင် ဥပဒေကြမ်း ၁၄ ခု၊ အဆို ၁၆ ခု၊ မေးခွန်း ၂၃၇ ခု ဆွေးနွေးရန် ရှိကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်က လွှတ်တော် အဖွင့်မိန့်ခွန်းတွင် 
ထည့်သွင်း ပြောကြားသည်။ 

"နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ယုံကြည်မှု တည်ဆောက်နိုင်အောင် ဝိုင်းဝန်း ကူညီပေးကြဖို့လည်း တိုက်တွန်းလိုပါတယ်"ဟု ဦးတီခွန်မြတ်က ပြောဆိုသည်။ 




ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ 

 

0 comments:

Post a Comment