Sunday, April 28, 2019

ဂျပန် မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီး မှုကို ပြသသည့်အမှတ် သင်္ကေတ တစ်ခုဖြစ် ရန်ကုန်တွင် အထူးကုဆေးရုံသစ်တစ်ခု တည်ဆောက်


ဂျပန် မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီး မှုကို ပြသသည့်အမှတ် သင်္ကေတ တစ်ခုအဖြစ် ရန်ကုန်တွင် အထူးကုဆေးရုံသစ် တစ်ခုတည်ဆောက်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနား ကို ဧပြီ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ 
ဆေးရုံအဆောက်အဦ ဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံ အစိုးရက ဂျပန်ယန်းငွေ (၈၆၆၁)သန်းနှင့် ဆေးရုံသုံးစက်ပစ္စည်း တချို့ကို ထောက်ပံ့ ကူညီမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြန်မာ ကျပ်ငွေသန်း (၄၂၄၂၅) ခန့် တန်ဖိုးရှိ ဆေးရုံသုံး စက်ပစ္စည်း ကိရိယာများ ဖြည့်တင်းရန် ထည့်ဝင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားရာတွင် “ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန ဘက်ကနေ ရန်ကုန်မှာ အထူးကုဆေးရုံကြီးတစ်ခု တည်ဆောက်နိုင်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၏ ပထမခြေလှမ်းကို စတင်နိုင်တော့မှာ ဖြစ်ကြောင်း၊ ယခုလိုလုပ်နိုင်ဖို့ အတွက် အရှေ့မှာ ပြင်ဆင်ဆောင်ရွက်ခဲ့ရသည့် အခြေအနေများစွာရှိကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနဘက်ကနေ ဝိုင်းဝန်းကူညီ ပေးကြသည့် ဆရာကြီး ၊ ဆရာမကြီးများ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ကြောင်း၊ ဂျပန်နိုင်ငံ သံအမတ်ကြီး အပါအဝင် JICA ဘက်က တာဝန်ရှိသည့် ပုဂ္ဂိုလ်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း၊ ယခုဆေးရုံသည် ဂျပန် မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီး မှုကို ပြသသည့်အမှတ် သင်္ကေတ တစ်ခုဖြစ်ကြောင်း၊ ဆေးရုံကြီး တည်ဆောက်ဆောက် နိုင်ဖို့အတွက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အားပေးကူညီ ထောက်ပံ့ပေးမှု အတွက်လည်း အထူးပဲ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 
အဆိုပါ ဆေးရုံတည်ဆောက်မည့် မြေအကျယ်အ၀န်းမှာ ဧက ၅ဒသမ ၅၆၂ ဧကရှိပြီး၊ ကုတင် ၃၀၀ ဆံ့၊ ၇ ထပ်အဆောက်အဦဖြစ်သည်။TAISEI ကုမ္ပဏီမှ မေလ ၁ ရက်နေ့တွင်စတင်တည်ဆောက်ကာ ၂၀၂၁ ခုနှစ် မေလတွင် ပြီးစီးမည်ကြောင်း သိရသည်။

The Ladies News 

0 comments:

Post a Comment