Wednesday, April 24, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Zvezda ရုပ်သံဌာနနှင့် Russia Today သတင်းဌာန၏မေးမြန်းမှုများဖြေကြား၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက တည်ခင်းဧည့်ခံသည့်ညစာစားပွဲ အခမ်းအနားသို့တက်ရောက်


ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် Radisson Collection ဟိုတယ်၌ Zvezda ရုပ်သံဌာနမှ သတင်းထောက်အားလက်ခံတွေ့ဆုံပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ်ပြန်လည် ဖြေကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မော်စကိုမြို့ရှိ Main Direction of National Information Agency Russia သို့ရောက်ရှိရာ ညွှန်ကြားရေးမှူး Mr. Dmitriy Gornostayev နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သတင်းဌာနအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုလေ့လာကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သည် Russia Today သတင်းဌာနမှ သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညပိုင်းတွင် Radisson Collection ဟိုတယ်၌ (၈)ကြိမ်မြောက်နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံသို့ ပါဝင်တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ များအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး Colonel General Alexander V. Fomin က တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ညစာသုံးဆောင် အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မော်စကိုမြစ်တွင်းသွား သင်္ဘောဖြင့် မော်စကိုမြစ် အတွင်းလိုက်ပါစီးနင်းကြပြီး မော်စကိုမြို့၏ညအလှရှုခင်းများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။




0 comments:

Post a Comment