Sunday, July 28, 2019

AA လက်နက်ကိုင်အဖွဲ့က ထုတ်လွှင့်၊ ရေးသား၊ ပြောဆိုလျက်ရှိသည့် သတင်းများအား ယုံကြည်ခြင်း မရှိကြရန် တပ်မတော် တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်


AA လက်နက်ကိုင်အဖွဲ့က ထုတ်လွှင့်၊ ရေးသားပြောဆို နေတဲ့ ကောလဟာလ သတင်းတွကို မယုံကြည်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၂၈ ရက် ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ရခိုင်ပြည်နယ်သည် ၂၀၁၅ ခုနှစ်မတိုင်မီကာလ ရခိုင်ပြည်နယ်မြောက်ခြမ်းရှိ ဘူးသီးတောင်၊ မောင်တောဒေသတွင် ARSA အကြမ်းဖက်သောင်းကျန်းသူ လှုပ်ရှားမှုမှအပ ကျန်ဒေသများသည် တည်ငြိမ် အေးချမ်းခဲ့သော အဖြူရောင်နယ်မြေ ဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ်၊ မတ်လမှစ၍ ရခိုင်ပြည်နယ်အတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများ စတင်ဝင်ရောက်လာပြီး ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်း ဒေသများ၌ တည်ငြိမ် အေးချမ်းမှုများ ပျက်ပြားလာခဲ့ရသည့်။ AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၄င်းဒေသများ၌ အစိုးရ၏ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ယန္တရားများအား အဓိက ပစ်မှတ်ထားလျက် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာလုံခြုံရေး ဆောင်ရွက်နေသည့် ရဲစခန်းများအား တိုက်ခိုက်ခြင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အားခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း၊ တာဝန်မထမ်းဆောင်နိုင်အောင် ဖိအားပေးခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းများအား မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။
၂။ လက်ရှိအချိန်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် တပ်မတော်က ရခိုင်ပြည်နယ် အတွင်းရှိ ကျေးရွာများအား လက်နက်ကြီးဖြင့် ပစ်ခတ်မည်၊ မီးရှို့ဖျက်ဆီးမည်စသည့် ကောလာဟလများ ထုတ်လွှင့်လျက် ရိုးသားသည့် ဒေသခံပြည်သူများ ကြောက်ရွှံထိတ်လန့်၍ ကျေးရွာများမှ ထွက်ပြေးစေရန်နှင့် ဒေသအတွင်း မတည်ငြိမ်မှု ပိုမိုဖြစ်ပွားလာစေရန် ရည်ရွယ်၍ ဆက်တိုက်လုပ်ဆောင်လျက် ရှိကြောင်း တွေ့ရှိရ သည်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခမောင်းဝရွာနှင့် ကင်းတလင်းရွာမှ ကျေးရွားသူ/သား ၁၂၀ ကျော်အား တပ်မတော်မှမကြာမီ လေယာဉ်ဖြင့် ဗုံးလာကြဲမည်ဖြစ်၍ ဘေးကင်းရာသို့ ပို့ပေးမည်ဟု ကောလာဟလများ ထုတ်လွှင့်ပြောဆိုလျက် တစ်ဖက်နိုင်ငံသို့ အတင်းအကြပ် ခေါ်ဆောင်သွားခဲ့ရာ ယနေ့ အထိ ၄င်းကျေးရွာသူ/သား အများစု ပြန်လည်လွတ်မြောက်လာသေးခြင်း မရှိဘဲ ဒုက္ခရောက်လျက်ရှိသည်။
၃။ တပ်မတော်အနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေသည့် တရားဝင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။ တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများအနေဖြင့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ စစ်ဘက်ဥပဒေ၊ နယ်ဘယ်ဥပဒေများကို တိကျစွာ လိုက်နာကျင့်သုံးနေကြသူများဖြစ်သည်။ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်ထမ်းဆောင် ရာတွင်လည်း တပ်မတော်သားတိုင်း လိုက်နာကျင့်သုံးရမည့် စစ်သည်တော်ကျင့်ဝတ် (၆၀)၊ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(ROE)၊ ဂျီနီဗာကွန်ဗန်းရှင်း ၄ ရပ်၏ ဘုံ အာတီကယ် ၃ နှင့် စစ်ပွဲဆိုင်ရာဥပဒေ (Law of War)၏ အခြေခံမူသဘောတရားများအတိုင်း လိုက်နာကျင့်သုံး လျက်ရှိသည်။
၎။ ရခိုင်ပြည်နယ်အတွင်း ထိတွေ့တိုက်ခိုက်မှု ဖြစ်စဉ်အချို့၌ AA အကြမ်းဖက် သောင်းကျန်းသူများအနေ ဖြင့်ဒေသခံ ပြည်သူလူထုအား လူသားတံတိုင်းသဖွယ်အသုံး ပြုနေမှု၊ ကျေးရွာ၊ရပ်ကွက်အနီး တိုက်ပွဲဖော်ဆောင် နေမှု၊ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန်များ၌ လူနေအိမ်ခြေနှင့်အခြား အဆောက်အဦတို့အား မီးရှို့၍ ထင်ယောင် ထင်မှားဖြစ်အောင် ပြုလုပ်နေမှုတို့အား တပ်မတော်သတင်းစာ ရှင်းလင်းပွဲများနှင့် သတင်းထုတ်ပြန်မှုတို့၌ သက်သေအထောက်အထားများဖြင့် ထုတ်ပြန်ဖော်ပြပြီး ဖြစ်သည်။ လက်ရှိအခြေအနေတွင် AA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် ၄င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူလူထု၏ ထောက်ခံမှု ကျဆင်းလာမူ၊ စစ်ရေးအရ အရေးနိမ့်လာမှုတို့ကြောင့် ဒေသခံရိုးသားသည့် ဒေသခံပြည်သူလူထုအတွင်း မငြိမ်မသက်မှုများ ဖြစ်ပွားစေရေး ရည်ရွယ်လျက် ကောလာဟလများ ဆက်တိုက် ထုတ်လွှင့်ဖြန့်ချီလျက်ရှိသည်။ ထို့အပြင် AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင် ၎င်းကောလာဟလများအပေါ် အခြေခံ၍ တပ်မတော်က လုပ်ဆောင်သယောင်အသွင် ရယူလျက် ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ရေကြောင်းမှ သွားလာနေသည့် ရေယာဉ်နှင့်သင်္ဘောများအား နှောင့်ယှက်ပစ်ခတ်ဖျက်ဆီး ခြင်းများနှင့် အခြားအဖျက်အမှောင့် လုပ်ငန်းများ ပြုလုပ်လာနိုင်ကြောင်း သတင်းရရှိသုံးသပ် တွေ့ရှိရသည်။
၅။ ၄င်းကဲ့သို့ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့် ကောလာဟလထုတ်လွှင့်မှုများအပေါ် ဒေသခံပြည်သူလူထုအနေဖြင့် ယုံကြည်ခြင်းမပြုကြရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအ၀င် အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်၊ လုံခြုံရေးအဖွဲ့အစည်း အဆင့်ဆင့် တို့ဖြင့်ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ မှတဆင့် အသိပေးနှိုးဆော်ထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

One News Myanmar

0 comments:

Post a Comment