အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ အမှုဖွင့်ထားသူများအ နက် သမ္မတရုံးအရာရှိဟောင်း ဦးအောင်ပိုင်မင်းကို ဇူလိုင် ၂၈ ရက်တွင် ကျည်တောင်ကန်ရဲစ ခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး ကျပ်သိန်း ၁၀၀ ဖြင့် အာမခံပေးခဲ့ သည်။
‘‘ဒီနေ့ကတော့ ထွက်ချက် ပေးပြီးတော့ ကိုယ့်အမှုသည်ဘက် က ပေးစရာရှိတဲ့ သက်သေခံအ ထောက်အထားတွေ ပေးတယ်။ နောက်ပြီးတော့ ဥပဒေပါအခွင့်အ ရေးအတိုင်းပဲ အာမခံယူပြီး ထွက် လာတယ်ပေါ့’’ ဟု ဦးအောင်ပိုင် မင်း၏ တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးက ပြောသည်။
ဦးအောင်ပိုင်မင်း တာဝန်ခံသည်ဟု ပြောထားသည့် Compe-titor အမည်ရ ဖေ့စ်ဘွတ်စာမျက် နှာတွင် ‘နေပြည်တော်စည်ပင်ရိပ် သာတွင် နေထိုင်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အရက်သေ စာသောက်စား မူးယစ်ပြီး ၎င်းအခန်းတွင် ဗုံးထောင်ထားသည်ဟု ရဲစခန်းကို ဖုန်းဆက်သတင်းပို့ခဲ့’ ဟူသော ခေါင်းစဉ်ဖြင့် အပိုဒ်သုံးပိုဒ်ပါ သတင်းပုံစံဖြင့် တင်ခဲ့မှု၊ အဆိုပါစာသားများကို မှတ်ချက် မျိုးစုံဖြင့် ရေးသားမျှဝေသူတို့ အပေါ် ဦးမောင်မောင်ဆွေက နိုင်ငံ သားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကို ကာကွယ်ရေးဥပဒေပုဒ်မ ၁၀ဖြင့် ဇူလိုင် ၂၅ရက်က အမှုဖွင့် ထားခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနေထိုင်သည့် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ် သာ အမှတ် ( ၂) တွင် ဗုံးတွေ့သည် ဟူသော သတင်း ဇူလိုင် ၂၃ ရက်နံနက်၌ ထွက်ပေါ်ခဲ့ပြီး ကောလာဟလသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည့်ကိစ္စနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်စာမျက်နှာအ ချို့တွင် ထိုသို့ ရေးသားဖော်ပြခဲ့ သည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့် ဖြင့် လိုက်ပါဆောင်ရွက်ပေးမည် ဟု အာမခံရယူပြီး ရဲစခန်းမှ ပြန်လည်ထွက်လာသည့် ဦးအောင် ပိုင်မင်းက 7Day Daily သတင်းစာ၏မေးမြန်းမှုကို ဖြေကြားသည်။ ‘‘ကျွန်တော့်အနေနဲ့ကတော့ တရားဥပဒေအရဲ့ လမ်းညွှန်ချက်အ တိုင်း ဆက်သွားဖို့ရှိပါတယ်’’ ဟု ၎င်းက ဆိုသည်။
Aung Paing Min, Compe-titor, Aung thura, Aung Moe Kyaw, Tun Htet Oo, နေပြည် တော်အသိုင်းအ၀ိုင်း၊ The Police 199၊ ၀ါဝါပြုံး၊ Aung Kant Naing, ထက်မွန်ကျော်၊ Zay yar Thiri Thiri, Aung Khant Hmuu, Thura Kyaw, Htay Win (ရေခဲ) အမည်ရ ဖေ့စ်ဘွတ်စာမျက်နှာ ၁၄ ခုကို ဦးမောင်မောင်ဆွေက အမှုဖွင့်ထားခြင်းဖြစ်သည်။
ဦးအောင်ပိုင်မင်းကို ယမန်နေ့က စစ်ဆေးမှု၊ အာမခံပေးမှု၊ အခြားသော အမှုဖွင့်ခံထားရသူ များအပေါ် အရေးယူဆောင်ရွက် မှု စသည့် အခြေအနေတို့ကို သိရှိ နိုင်ရန် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းမှူးထံ ဆက်သွယ်သော်လည်း ယမန်နေ့ညနေ ၅ နာရီအထိ တစ်စုံတစ်ရာ ပြန် လည်ဖြေကြားခြင်း မရှိသေးပေ။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပ ဒေပုဒ်မ ၁၀ တွင် ‘မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော် လည်းကောင်း၊ ပုဒ်မ ၈ ပါ တား မြစ်ချက် တစ်ရပ်ရပ်ကိုသော် လည်းကောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်’ ဟု ပြဋ္ဌာန်းထား သည်။ ရည်ညွှန်းထားသည့် ပုဒ်မ ၈(စ) ၌ နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ် ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများ တွင် အဓမ္မ၀င်ရောက်စွက်ဖက် ခြင်း (သို့မဟုတ်)လူတစ်ဦး၏ဂုဏ် သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှု ကို ပုတ်ခတ်ခြင်း (သို့မဟုတ်)ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်း ထားသည်။
7Day
0 comments:
Post a Comment