Sunday, July 28, 2019

လွိုင်ကော်ပြည်သူ့ဆေးရုံတွင် H1N1 လူနာ ၁ ဦးသေဆုံး

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့  ရာသီတုပ်ကွေး H1N1 ပိုးတွေ့လူနာ ၈ ဦးထဲက ကလေးငယ် ၁ ဦး မနေ့က သေဆုံးသွားပါတယ်။ 

အဆိုပါ ကလေးငယ်ဟာ ဖယ်ခုံမြို့နယ်ကဖြစ်ပြီး ရောဂါအခံရှိတဲ့အတွက် အခုလိုသေဆုံး သွားတာဖြစ်ပါတယ်။
ကျန်တဲ့ H1N1 ပိုးတွေ့ လူနာ ၇ ဦးကတော့ ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံကနေ ပြန်ဆင်းသွားပြီလို့ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ရာသီတုပ်ကွေး H1N1 ရောဂါပိုးကြောင့် သေဆုံးသူဟာ ဇူလိုင် ၂၇ ရက်နေ့အထိ ၇၈ ယောက် ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ 
မနေ့ကတော့ ရန်ကုန်မှာ H1N1 ကူးစက်ခံထားရသူတွေထဲက လူကြီး ၂ ယောက်နဲ့ ကလေး ၁ ယောက် သေဆုံးခဲ့တယ်လို့ နာရေးကူညီတဲ့ အသင်းတွေက ဆိုပါတယ်။

DVB

0 comments:

Post a Comment