
မြန်မာနိုင်ငံက ဖေ့စ်ဘုတ်စာမျက်နှာ ၃ ခု အကောင့် ၁၈ ခုနဲ့ အဖွဲ့တဖွဲ့ရဲ့ စာမျက်နှာတွေကို ဖယ်ရှားပစ်လိုက်တယ်လို့ ဖေ့ဘုတ်ကုမ္ပဏီက အင်္ဂါနေ့မှာကြေညာလိုက်သည်။
အဆိုပါ ကွန်ယက်အဖွဲ့ဟာ ပြည်တွင်းအတွက် ဦးစားပေး လုပ်ဆောင်တာ တွေ့ရပြီး ဖေ့စ်ဘုတ်ရဲ့ စုံစမ်းစစ်ဆေးချက် အရ မြန်မာရဲတပ်ဖွဲ့ဝင်တွေနဲ့ ဆက်နွယ်မှုရှိတာ တွေ့ရတယ်လို့ ဖေ့စ်ဘုတ်ရဲ့ ၂၀၂၀ ဧပြီလ အတွက် ထုတ်ပြန်တဲ့ တွေ့ရှိချက် စာတမ်းမှာ ဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း ဖေ့စ်ဘုတ်သုံးစွဲမှုမှာ သံသယဖြစ်စရာ လုပ်ဆောင်ချက် ရှိ/မရှိ ဖေ့စ်ဘုတ်က စုံစမ်း စစ်ဆေးရာမှ ဒီကွန်ယက်ရဲ့ မူမမှန်တာတွေကို တွေ့ခဲ့ရကြောင်းလည်း ဖေါ်ပြထားပါတယ်။
တခြားနိုင်ငံတွေက မူမမှန်တဲ့ ဖေ့စ်ဘုတ် သုံးစွဲမှု တွေ ကိုပါ ဖေ့စ်ဘုတ်ရဲ့ ဧပြီလ တွေ့ရှိချက်တွေထဲမှာ ဖေါ်ပြထားပြီး ကွန်ယက် ၈ ခုက အကောင့်တွေ၊ ဖေ့စ်ဘုတ်စာမျက်နှာတွေနဲ့ အဖွဲ့တွေကို ပါ ပိတ်ပစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီထဲမှာ ပြည်ပ အတွက်ရည်ရွယ် လုပ်ဆောင်တဲ့ ၂ ဖွဲ့က ရုရှားနဲ့ အီရန်နိုင်ငံတွေက ဖြစ်ပြီး မြန်မာ၊ အမေရိကန်၊ ဂျောဂျီယာနဲ့ Mauritania နိုင်ငံတွေထဲက နောက် အဖွဲ့ ၆ ဖွဲ့ကတော့ ပြည်တွင်းအတွက် ရည်ရွယ် လှုပ်ရှားတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။
အခု ဖေ့စ်ဘုတ်က ရတဲ့ သတင်း အချက်လက် တွေကို ဥပဒေစိုးမိုးရေး အဖွဲ့တွေ၊ မူဝါဒ ချမှတ်သူတွေနဲ့ စက်မှုမိတ်ဆွေ တွေနဲ့ မ ျှဝေ ခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီလအတွက် ဖေ့စ်ဘုတ်က စုစုပေါင်း ဖယ်ရှားခဲ့တဲ့ အကောင့်က ၇၀၀ ကျော်ရှိပြီး Instagram အကောင့် ၁၆၂ ၊ ဖေ့စ်ဘုတ် စာမျက်နှာပေါင်း (၇၉၃) ရှစ်ရာနီးပါးနဲ့ အဖွဲ့အစည်းပေါင်း ၂၀၀ ရှိတယ်လို့လည်း ဖေါ်ပြပါတယ်။

Crd : VOA






0 comments:
Post a Comment