ဇီဝမော်လီကျူးဆိုင်ရာဓာတ်ခွဲခန်း(Molecular Diagnostic Laboratory) ဖွင့်ပွဲကို ယမန့်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံ ပြင်ပ လူနာဌာနခန်းမဆောင်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက် သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး အဏုဇီဝပါရဂူက ဇီဝမော်လီကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိတပ်ဆင်ထားသည့် COVID-19 ရောဂါရှာဖွေရေး PCR (Thermoocycler ROTOR GENE - 6000) စက်အသုံးပြုပုံအဆင့်ဆင့်နှင့် ဆောင်ရွက်သွားမည့် အခြေအနေ များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ COVID-19 ရောဂါရှာဖွေရေး PCR (Thermoocycler ROTOR GENE - 6000) စက်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်ပြုလုပ်ရန် ပေးပို့ရာတွင် လမ်းခရီးအလွန်ကွာဝေးခက်ခဲခြင်း၊ သွားလာမှုအချိန်၊ နေရာ၊ လူ၊ ကန့်သတ်ချက် များဖြစ်ပေါ်နေသည့်အတွက် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်၊ (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ထားရှိဆောင်ရွက်ခြင်းဖြစ်ပြီး အချိန် ၃ နာရီအတွင်း လူဦးရေ ၃၄ ယောက်စစ်ဆေးပေးနိုင်ပြီး ၂၄ နာရီအတွင်း ပျမ်းမျှလူဦးရေ ၂၀၀ ဝန်းကျင်ခန့် စစ်ဆေးပေးနိုင်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
>>zawgyi<<
ကျိုင်းတုံမြို့၌ ဇီဝမော်လီကျူးဆိုင်ရာ ဓာတ်ခွဲခန်း (Molecular Diagnostic Laboratory) ဖွင့်လှစ်
Wednesday, May 6, 2020
ဇီဝမော်လီကျူးဆိုင်ရာဓာတ်ခွဲခန်း(Molecular Diagnostic Laboratory) ဖွင့်ပွဲကို ယမန့်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တပ်မတော်ဆေးရုံ ပြင်ပ လူနာဌာနခန်းမဆောင်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး အဏုဇီဝပါရဂူက ဇီဝမော်လီကျူးဆိုင်ရာ ဓာတ်ခွဲခန်းတွင် ထားရှိတပ်ဆင်ထားသည့် COVID-19 ရောဂါရှာဖွေရေး PCR (Thermoocycler ROTOR GENE - 6000) စက်အသုံးပြုပုံအဆင့်ဆင့်နှင့် ဆောင်ရွက်သွားမည့် အခြေအနေ များအား ရှင်းလင်းပြောကြားသည်။
အဆိုပါ COVID-19 ရောဂါရှာဖွေရေး PCR (Thermoocycler ROTOR GENE - 6000) စက်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ သံသယလူနာများ၏ တို့ဖတ်နမူနာများ ဓာတ်ခွဲစမ်းသပ်ပြုလုပ်ရန် ပေးပို့ရာတွင် လမ်းခရီးအလွန်ကွာဝေးခက်ခဲခြင်း၊ သွားလာမှုအချိန်၊ နေရာ၊ လူ၊ ကန့်သတ်ချက် များဖြစ်ပေါ်နေသည့်အတွက် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ်၊ (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ထားရှိဆောင်ရွက်ခြင်းဖြစ်ပြီး အချိန် ၃ နာရီအတွင်း လူဦးရေ ၃၄ ယောက်စစ်ဆေးပေးနိုင်ပြီး ၂၄ နာရီအတွင်း ပျမ်းမျှလူဦးရေ ၂၀၀ ဝန်းကျင်ခန့် စစ်ဆေးပေးနိုင်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:
Post a Comment