Saturday, May 23, 2020

ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် တရုတ်နိုင်ငံ၏ လုံခြုံရေးအဆိုပြုချက် နှင့်ပတ်သက်၍ ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံများမှ အထူးစိုးရိမ်ပူပန်လျက်ရှိ

ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံများသည် ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လုံခြုံရေးဥပဒေအသစ်တစ်ခုပြဋ္ဌာန်းရန် တရုတ်နိုင်ငံ၏ အစီအစဉ်များအပေါ် ၎င်းတို့ အထူးစိုးရိမ်ပူပန်လျက်ရှိကြောင်း မေလ ၂၂ ရက်နေ့ ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံ ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဟောင်ကောင်၏ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို လျှော့ချရန် စီစဉ်နေသည့် တရုတ်နိုင်ငံ၏ လှုပ်ရှားမှု များကို ဆန့်ကျင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယခင် ဗြိတိသျှကိုလိုနီလက်ထက်တွင် တရုတ်နိုင်ငံသည် တစ်ဦးချင်း အခွင့်အရေး များနှင့် လွတ်လပ်စွာ စုရုံးပိုင်ခွင့်များအပါအဝင် မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ထိန်းသိမ်းရန် သဘောတူလက်ခံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး များမှ ပူးတွဲထုတ်ပြန်ချက်တစ်စောင်တွင် ထောက်ပြပြောဆိုခဲ့ပါသည်။
ဟောင်ကောင် ပြည်သူလူထု၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် တိုက်ရိုက် ပါဝင်မှုမရှိဘဲ ဟောင်ကောင်ကိုယ်စား ၎င်းဥပဒေပြဋ္ဌာန်းမည်ဆိုလျှင် ဟောင်ကောင် အား မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသည့် “ တစ်နိုင်ငံ၊ စနစ်နှစ်ခုမူဝါဒ” ကို သိသိသာသာ လျော့ပါးစေမည်ဖြစ်ကြောင်း ၎င်းတို့မှ ပြောကြားခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ဗြိတိသျှအုပ်ချုပ်မှုအဆုံးသတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဟောင်ကောင်အား အထူးအုပ်ချုပ်ရေးဒေသအဖြစ် အုပ်ချုပ်ခဲ့သော်လည်း အဆိုပါ “တစ်နိုင်ငံ၊ စနစ်နှစ်ခု မူဝါဒ” သည် ဟောင်ကောင်အား တရုတ်၏ အစိတ်အပိုင်းအဖြစ် တည်ထောင်ခဲ့သည်။
မေလ ၂၂ ရက်နေ့ထုတ်ပြန်ချက်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne နှင့် ကနေဒါနိုင်ငံခြားရေး ဝန်ကြီး Francois-Philippe Champagne တို့မှ ထုတ်ပြန်ခဲ့သည်။
မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက တရုတ်ပါလီမန်တွင် တင်ပြခဲ့သည့် ဥပဒေအား ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြသူများသည် လမ်းမများပေါ်တွင် ပြန်လည်ဆန္ဒပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကနေဒါဝန်ကြီးချုပ် Justin Trudeau မှ စိုးရိမ် ပူပန်လျက်ရှိကြောင်း ၎င်း၏ နေ့စဉ်အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကနေဒါဝန်ကြီးချုပ် Justin Trudeau မှ “ဟောင်ကောင်နိုင်ငံသားများနှင့် ပေကျင်း အကြား တင်းမာမှုများလျှော့ချရန်နှင့် ဟောင်ကောင်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ရန် မိမိတို့ကာလကြာရှည် တောင်းဆိုခဲ့သည်” ဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။
“ မိမိတို့အနေနဲ့ ဒါကို ဆက်လက်တောင်းဆိုနေပြီး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်သွားမှာပါ” ဟု ၎င်းမှ ပြောကြားခဲ့သည်။
crd-Channel News Asia #Myanmar_Online_News
>>zawgyi<<
ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပေါ် တရုတ်နိုင်ငံ၏ လုံခြုံရေးအဆိုပြုချက် နှင့်ပတ်သက်၍ ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံများမှ အထူးစိုးရိမ်ပူပန်လျက်ရှိ
Saturday, May 23, 2020
ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျ နိုင်ငံများသည် ဟောင်ကောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် လုံခြုံရေးဥပဒေအသစ်တစ်ခုပြဋ္ဌာန်းရန် တရုတ်နိုင်ငံ၏ အစီအစဉ် များအပေါ် ၎င်းတို့ အထူးစိုးရိမ်ပူပန်လျက်ရှိကြောင်း မေလ ၂၂ ရက်နေ့ ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံ ၃ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဟောင်ကောင်၏ လွတ်လပ်စွာတရားစီရင်ပိုင်ခွင့်ကို လျှော့ချရန် စီစဉ်နေသည့် တရုတ်နိုင်ငံ၏ လှုပ်ရှားမှု များကို ဆန့်ကျင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ယခင် ဗြိတိသျှကိုလိုနီလက်ထက်တွင် တရုတ်နိုင်ငံသည် တစ်ဦးချင်း အခွင့်အရေး များနှင့် လွတ်လပ်စွာ စုရုံးပိုင်ခွင့်များအပါအဝင် မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အဆင့်အတန်းကို ထိန်းသိမ်းရန် သဘောတူလက်ခံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး များမှ ပူးတွဲထုတ်ပြန်ချက်တစ်စောင်တွင် ထောက်ပြပြောဆိုခဲ့ပါသည်။
ဟောင်ကောင် ပြည်သူလူထု၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့တွင် တိုက်ရိုက် ပါဝင်မှုမရှိဘဲ ဟောင်ကောင်ကိုယ်စား ၎င်းဥပဒေပြဋ္ဌာန်းမည်ဆိုလျှင် ဟောင်ကောင် အား မြင့်မားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသည့် “ တစ်နိုင်ငံ၊ စနစ်နှစ်ခုမူဝါဒ” ကို သိသိသာသာ လျော့ပါးစေမည်ဖြစ်ကြောင်း ၎င်းတို့မှ ပြောကြားခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ဗြိတိသျှအုပ်ချုပ်မှုအဆုံးသတ်ခဲ့ပြီးနောက် ပေါ်ပေါက်လာခဲ့ သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဟောင်ကောင်အား အထူးအုပ်ချုပ်ရေးဒေသအဖြစ် အုပ်ချုပ်ခဲ့သော်လည်း အဆိုပါ “တစ်နိုင်ငံ၊ စနစ်နှစ်ခု မူဝါဒ” သည် ဟောင်ကောင်အား တရုတ်၏ အစိတ်အပိုင်းအဖြစ် တည်ထောင်ခဲ့သည်။
မေလ ၂၂ ရက်နေ့ထုတ်ပြန်ချက်အား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ၊ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne နှင့် ကနေဒါနိုင်ငံခြားရေး ဝန်ကြီး Francois-Philippe Champagne တို့မှ ထုတ်ပြန်ခဲ့သည်။
မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက တရုတ်ပါလီမန်တွင် တင်ပြခဲ့သည့် ဥပဒေအား ကန့်ကွက်သည့်အနေဖြင့် ဆန္ဒပြသူများသည် လမ်းမများပေါ်တွင် ပြန်လည်ဆန္ဒပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကနေဒါဝန်ကြီးချုပ် Justin Trudeau မှ စိုးရိမ် ပူပန်လျက်ရှိကြောင်း ၎င်း၏ နေ့စဉ်အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကနေဒါဝန်ကြီးချုပ် Justin Trudeau မှ “ဟောင်ကောင်နိုင်ငံသားများနှင့် ပေကျင်း အကြား တင်းမာမှုများလျှော့ချရန်နှင့် ဟောင်ကောင်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်ရန် မိမိတို့ကာလကြာရှည် တောင်းဆိုခဲ့သည်” ဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။
“ မိမိတို့အနေနဲ့ ဒါကို ဆက်လက်တောင်းဆိုနေပြီး အခြေအနေတွေကို အနီးကပ် စောင့်ကြည့်သွားမှာပါ” ဟု ၎င်းမှ ပြောကြားခဲ့သည်။
crd-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment