Saturday, May 23, 2020

မျိုးဆက်ပွားကျန်းမာရေး သင်ခန်းစာပြန်လည်ပြင်ဆင်မည်

ဒသမတန်းသင်ရိုးတွင်ပါဝင်သည် “မျိုးဆက်ပွား ကျန်းမာရေးသင်ခန်းစာ”ကို ပြည်သူ့အသံနားထောင်ပြီး ပြန်လည်ပြင်ဆင်သွားမည်ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
ယမန့်နေ့ နေ့လည်က နေပြည်တော်၌ ပြုလုပ်သည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေ၊ ဒါတွေနဲ့ ဘယ်လောက်များ ကွာဟနေလဲ၊ ကွာဟနေတာ တွေကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့မှ ကွာဟတာတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားဖို့ရှိတယ်၊ ဒီ Course တစ်ခုလုံးကို ပြန်ပြင်ဖို့ မဖြစ်နိုင်ပါဘူး”ဟု အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဆိုသည်။
ပြန်လည်ပြင်ဆင်ရန် ဆောင် ရွက်နေသည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်ပါ “ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာ၊ မျိုး ဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး” သင်ခန်းစာများအား သင်ကြား ခြင်းမပြုသေးရန် ညွှန်ကြားထားပြီး၊ ကျောင်းဖွင့်ရာသီအမှီ ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဟု အခြေခံပညာ ရေးဦးစီးဌာနကဆိုပါတယ်။ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိသည့် အသုံး အနှုန်းများမဖြစ်စေရန်အတွက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အသေးစိတ်ဆွေး နွေးညှိုနှိုင်း ပြင်ဆင်သွားမည်ဟုလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
crd-PeopleMedia #Myanmar_Online_News
>>zawgyi<<
မျိုးဆက်ပွားကျန်းမာရေး သင်ခန်းစာပြန်လည်ပြင်ဆင်မည်
Saturday, May 23, 2020
ဒသမတန်းသင်ရိုးတွင်ပါဝင်သည် “မျိုးဆက်ပွား ကျန်းမာရေး သင်ခန်းစာ”ကို ပြည်သူ့အသံနားထောင်ပြီး ပြန်လည်ပြင်ဆင်သွားမည်ဟု ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ပြောဆို လိုက်သည်။
ယမန့်နေ့ နေ့လည်က နေပြည်တော်၌ ပြုလုပ်သည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်နှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှုတွေ၊ ဒါတွေနဲ့ ဘယ်လောက်များ ကွာဟနေလဲ၊ ကွာဟနေတာ တွေကိုလည်း ကျွန်တော်တို့ ပြန်ပြီးတော့မှ ကွာဟတာတွေကို အနည်းဆုံးဖြစ်အောင် ကြိုးစားဖို့ရှိတယ်၊ ဒီ Course တစ်ခုလုံးကို ပြန်ပြင်ဖို့ မဖြစ်နိုင်ပါဘူး”ဟု အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကဆိုသည်။
ပြန်လည်ပြင်ဆင်ရန် ဆောင် ရွက်နေသည့် “ဘဝတွက်တာ ကျွမ်းကျင်စရာ” ဘာသာရပ်ပါ “ရောဂါကင်းဝေး ကျန်းမာရေးသင်ခန်းစာ၊ မျိုး ဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး” သင်ခန်းစာများအား သင်ကြား ခြင်းမပြုသေးရန် ညွှန်ကြားထားပြီး၊ ကျောင်းဖွင့်ရာသီအမှီ ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဟု အခြေခံပညာ ရေးဦးစီးဌာနကဆိုပါတယ်။ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှုရှိသည့် အသုံး အနှုန်းများမဖြစ်စေရန်အတွက် အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အသေးစိတ်ဆွေး နွေးညှိုနှိုင်း ပြင်ဆင်သွားမည်ဟုလည်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment