Tuesday, May 19, 2020

အီရတ်နိုင်ငံ၏မြို့တော် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ကြောင်း လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများမှ ပြောကြား

Image may contain: one or more people, people standing and outdoor

အီရတ်နိုင်ငံ၏မြို့တော် ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် မေလ ၁၉ ရက်နေ့ နံနက်အစောပိုင်းက ဒုံကျည်တစ်စင်းထိမှန်ခဲ့ကြောင်း လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများမှ AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါထိမှန်မှုသည် လတ်တလော လုံခြုံရေးအမြင့်မားဆုံးဇုန်သို့ ပထမဆုံးထိမှန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုအား အီရတ်မြို့တော်တစ်ခုလုံးမှ ကြားရပြီး အမေရိကန်သံရုံးဝင်းအတွင်း လုံခြုံရေးဥဩသံများဆူညံခဲ့သည်။ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း သေဆုံးသူမရှိကြောင်း လုံခြုံရေးတပ်ဖွဲ့မှ အတည်ပြုခဲ့ပါသည်။အမေရိကန်သံရုံးမှ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ခံရန်တောင်းဆိုမှု မရှိသေးကြောင်း သိရပါသည်။
အမေရိကန်မှ အီရတ်နိုင်ငံရှိလုံခြုံရေးတပ်ဖွဲ့များအကြား အီရန်ကျောထောက် နောက်ခံ တပ်ဖွဲ့ဝင်များကို အပြစ်တင်ခဲ့သည့် အောက်တိုဘာလမှစ၍ အီရတ်နိုင်ငံရှိ အမေရိကန်အကျိုးစီးပွာများသည် အလားတူတိုက်ခိုက်မှုမျိုး နှစ်ဒါဇင်နှင့်အထက်တိုက်ခိုက်ခံခဲ့ရပါသည်။အမေရိကန်၊ ဗြိတိသျှနှင့် အီရတ်စစ်သားများသေဆုံးခဲ့သည့် ဒုံးကျည်များ တရစပ်ပစ်ခတ်မှုသည်အီရတ်အစိုးရနှင့် အမေရိကန်အစိုးရအကြား တင်းမာမှု ပြင်းထန်ခဲ့ပါသည်။
ဇန်နဝါရီလတွင် အီရတ်နိုင်ငံ၌ အမေရိကန်မှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သောကြောင့် အီရန်ဗိုလ်ချုပ်ကြီး Qasem Soleimani နှင့် အီရတ်စစ်သွေးကြွခေါင်းဆောင် Abu Mahdi al-Muhandis သေဆုံးမှုဖြစ်စဉ်တွင် တင်းမာမှုသည် အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။ သို့သော် အီရတ်ဝန်ကြီးချုပ် Mustafa al-Kadhemi မှ နှစ်နိုင်ငံဆွေးနွေးမှုများကို ဇွန်လတွင်ပြုလုပ်ရန်စီစဉ်ထားမှုနှင့်အတူ ယခုလအစောပိုင်းတွင် တင်းမာမှုကို ထိန်းသိမ်းခဲ့သောကြောင့်အမေရိကန်နှင့်အီရတ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်တည်ဆောက်ရန် မျှော်လင့်နေပါသည်။
‌ဆွေးနွေးမှုတွင် အစ္စလာမ်စ်နိုင်ငံအဖွဲ့(IS)တို့အား ပူးပေါင်းတိုက်ထုတ်ရန် ၂၀၁၄ ခုနှစ်မှစ၍ အီရတ်နိုင်ငံ ၌ တပ်ဖြန့်ထားသော အမေရိကန်စစ်တပ်များ တည်ရှိနေမှုအပေါ် ကန့်သတ်ချက်တစ်ခု သတ်မှတ်လိမ့်မည်ဟု မျှော်လင့်ရပါသည်။အဆိုပါအမေရိကန်စစ်တပ်များသည် အီရတ်နိုင်ငံရှိ အီရန်နှင့် အီရန်မဟာမိတ်များအတွက် ဆူးသဖွယ်ဖြစ်နေသော်လည်း ၎င်းတို့အား နိုင်ငံမှ ထွက်ခွာသွားရန် အီရတ်မှတောင်းဆိုနေပါသည်။
အီရန်နိုင်ငံ့ခေါင်းဆောင် Ayatollah Ali Khamenei မှ အမေရိကန်တပ်များသည် အီရတ် နှင့် ဆီးရီးယားတို့တွင် ရှိနေမည်မဟုတ်ဘဲ နှင်ထုတ်ခံရပြီး ဆုတ်ခွာရလိမ့်မည်ဟု မေလ ၁၇ရက်နေ့တွင် အမေရိကန်သို့ ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်ပျံ့ပွားမှုကြောင့် IS မှ ခြိမ်းခြောမှုလျှော့နည်းသွားပြီး အီရတ်တပ်ဖွဲ့ဝင်များအားလေ့ကျင့်ရန် ခက်ခဲ့လာသောကြောင့် အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် အီရတ်နိုင်ငံရှိ ၎င်တပ်ဖွဲ့ဝင် ၇၅၀၀ ကို ယခုနှစ်တွင် ဆုတ်ခွာခဲ့ပြီးဖြစ်ပါသည်။
Source - CNA

0 comments:

Post a Comment