Monday, May 25, 2020

တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ်ခရီးစဉ် ဇူလိုင်လတွင်စတင်တော့မယ်

တရုတ်နိုင်ငံဟာ အင်္ဂါဂြိုဟ်ရဲ့မျက်နှာပြင်ပေါ်ကို ဂြိုဟ်ဆင်းယာဉ်တစ်စီး စေလွှတ်မယ့်လုပ်ငန်းစဉ်အပါအဝင် အင်္ဂါဂြိုဟ်ခရီးစဉ်ကို လာမယ့်ဇူလိုင်လအတွင်း လွှတ်တင်ဖို့ လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
တရုတ်နိုင်ငံဟာ အာကာသသိပ္ပံနည်းပညာမှာ သူ့ရဲ့ပြိုင်ဘက် အမေရိကန်ကို လိုက်မှီဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ် ရပ်တည်ချက်ကိုပြသဖို့ ကြိုးစားအားထုတ်မှုအဖြစ် အာကာသအစီအစဉ်တွေမှာ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံထားပါတယ်။
အင်္ဂၤါဂြိုဟ်ခရီးစဉ်ဟာ တရုတ်အာကာသယာဉ်မှူးတွေကို လကမ္ဘာသို့စေလွှတ်ရေးနှင့် ၂၀၂၂ ခုနှစ်မှာ အာကာသစခန်းတစ်ခုတည်ဆောက်ရေးအပါအဝင် တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းသစ်တွေထဲက တစ်ခုဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ခရီးစဉ်ကို ယခုနှစ်အတွင်း သင့်လျော်တဲ့ တစ်ချိန်ချိန်မှာ သွားရောက်ဖို့တရုတ်နိုင်ငံက စီစဉ်နေတာဖြစ်ပြီး ဇူလိုင်လအစောပိုင်းမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အာကာသသိပ္ပံနဲ့နည်းပညာ ကော်ပိုရေးရှင်းက အတည်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။
Tianwen လို့အမည်ပေးထားတဲ့ တရုတ်အာကာသခရီးစဉ်ဟာ အင်္ဂါဂြိုလ်ရဲ့ ပတ်လမ်းအတွင်း ဝင်ရောက်ပြီး မျက်နှာပြင်ဆိုင်ရာ လေ့လာမှုတွေပြုလုပ်ဖို့အတွက် စက်ရုပ်ဂြိုဟ်ဆင်းယာဉ်ဟာ ဂြိုဟ်ရဲ့ မျက်နှာပြင်ပေါ်ဆင်းသက်မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အဲဒီလိုခရီးစဉ်မျိုးကို လကမ္ဘာပေါ်မှာလည်း ပြုလုပ်ခဲ့ဖူးပြီး လကမ္ဘာရဲ့ အမှောင်ဘက်ခြမ်းမှာ ဂြိုဟ်ဆင်းယာဉ်အသေးစားတစ်ခုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စေလွှတ်ခဲ့ပြီး ဒီလိုလုပ်ဆောင်မှုပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment