Monday, May 25, 2020

မန်လီရွာသားတစ်ဦးကို ရှမ်းနီလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်၊ဒေသခံများ မသွားလာရဲဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ မန်လီကျေးရွာတွင်နေထိုင်သည့် အသက် ၁၇ နှစ်အရွယ်ရွာသား တစ်ဦးအား ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) က သေနတ်ဖြင့်ပစ်သတ်ပြီးသည့်နောက်, နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် ဒေသခံများမှာ မသွားရဲမလာရဲဖြစ်နေကြောင်း ကူကီးလူငယ်ကွန်ယက် ဥက္ကဋ္ဌကိုဆေးဂင်က ပြောကြားသည်။
မေလ ၂၃ရက်နေ့က မန်လီကျေးရွာတွင်နေထိုင်သည့်သားအဖနှစ်ဦးသည် ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် အောင်ချမ်းသာရွာသို့အသွားတွင် လမ်းခုလတ်ရှိ အော်တိုကျေးရွာအနီးသို့အရောက်၌ အရပ်ဝတ် SNA တပ်ဖွဲ့ဝင် ၅ ဦးက ဆိုင်ကယ်ကို ရပ်ခိုင်းရာတွင် ရပ်မပေးသည့်အတွက် သေနတ်ဖြင့် ပစ် ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် ဖခင်ဖြစ်သူ ဦးထန်ခမ်းမန်သည် ဘယ်ဘက်လက်တွင်ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူ မောင် ထောင်းရာဂင်မှာမူ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်း ပြီး သေဆုံးသွားခဲ့သည်။
အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက်တွင် မန်လီကျေးရွာရှိရွာသားများသည် တောထဲသို့သွားကာ ဟင်းစားရှာခြင်း၊ တောင်ယာလုပ်ကိုင်ခြင်းနှင့် အသေးစားလက် ကျင်ရွှေလုပ်ငန်းများကို မလုပ်ကိုင်ရဲတော့ကြောင်း ကိုဆေးဂင်က ပြောကြားသည်။
ကိုဆေးဂင်က '' အဲဒီဒေသက တောင်ယာလည်းလုပ်တယ်။ ပြီးလို့ရှိရင် အသေးစားလက်ကျင်ရွှေမျောတွေလည်းလုပ်ကြတာကိုး။ တစ်နယ်လုံးက တောထဲမှာပဲအလုပ်,လုပ်ကြတာ။ အခု တောထဲမသွားရဲတော့ဘူးဆိုတော့ ပြသာနာ တက်ပြီပေါ့လေ'' ဟု ပြောကြားသည်။
မန်လီရွာသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်သော SNA ၏ အပြုအမူသည် မင်းမဲ့စရိုက်ဆန်သည့် အပြုအမူဖြစ်ကြောင်းနှင့် ဒေသတွင်းနှစ်ပေါင်းများစွာ အေး အတူပူအမျှ ယှဉ်တွဲနေထိုင်လာခဲ့ကြသည့် တိုင်းရင်းသားအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှုကို ပျက်စီးစေ နိုင်သည့်အပြင် ဒေသတွင်း ငြိမ်းချမ်းမှုကို ထိခိုက်စေ နိုင်သည်ဟု ကူကီးလူငယ်ကွန်ယက်က ထုတ်ပြန်ပြောကြားသည်။
ကူကီးလူငယ်ကွန်ယက်၏ထုတ်ပြန်ချက်ထဲတွင် မလို လားအပ်သော ပြသာနာများကိုလည်း ဖြစ်ပေါ်စေနိုင် သဖြင့် အပြစ်မဲ့ပြည်သူများအား လက်နက်အားကိုးဖြင့် ရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်နေမှုကို မိမိတို့ အနေဖြင့် ပြင်းထန်စွာ ရှုံ့ချကန့်ကွက်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ရှမ်းနီလက်နက်ကိုင်အဖွဲ့(SNA)အနေဖြင့်ဤသို့သော အောက်တန်းကျသည့်လုပ်ရပ်ကိုလုပ်ဆောင် နေသည့် မိမိ၏တပ်ဖွဲ့ဝင်များကို အမြန်ဆုံးဖော် ထုတ်ပေးရန်နှင့် တရားဥပဒေအရ တရားမျှတမှု ရရှိလာစေရန် တပ်မတော်နှင့် သက်ဆိုင်ရာဒေသ အာ ဏာပိုင်အစိုးရအနေဖြင့်လည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးပါရန် ပြင်းပြင်းထန်ထန် တိုက်တွန်းအပ်ပါသည်ဟု ကူကီးလူငယ်ကွန်ယက်က တောင်းဆိုသည်။
SNA အဖွဲ့၏တပ်စခန်းမှူးတစ်ဦးကမူ ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် သတင်းပေးချက်အရ မူးယစ်ဆေးဝါး ရှာဖွေရန်အတွက် တားဆီးသည်ကိုရပ်မပေးဘဲ ဆိုင် ကယ်ဖြင့်တိုက်ကာ ပြန်လည်ခုခံသည့်အတွက် ပစ်ခတ်ရခြင်းဖြစ်သည်ဟု ပြောကြားကြောင်း၊ အဆိုပါ ပြောကြားချက်မှာယုတ္တိမရှိကြောင်း ကိုဆေးဂင်ကပြောကြားသည်။
"ဒါက ယုတ္တိမရှိနိုင်ဘူးပေါ့။ လက်နက်ကိုင်ငါးဦးကို လူနှစ်ယောက်က ဘယ်လိုလုပ်ခုခံရဲမလဲဆိုတာလည်းရှိသေးတာကို'' ဟု ဆိုသည်။
လူသေဆုံးသည့်ပစ်ခတ်မှုအတွက် ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA)မှ ပြောရေး ဆိုခွင့်ရှိသူထံ ဆက်သွယ်နေဆဲဖြစ်သည်။
Ref ; The Ladies News

0 comments:

Post a Comment