Tuesday, May 19, 2020

တကျော့ပြန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ပြင်သစ်မြောက်ပိုင်းရှိ စာသင်ကျောင်းအချို့ပိတ်ထားရ

Image may contain: screen

ပြင်သစ်အစိုးရက ကန့်သတ်ချက်များ ဖြေလျော့ကာ ကလေးငယ်များကို ကျောင်းပြန်တက်ခွင့်ပြုပြီး တစ်ပတ်အကြာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၇၀ ခန့်မှာ စာသင်ကျောင်းများနှင့် ဆက်စပ်မှုရှိခြင်းကြောင့် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ စာသင်ကျောင်း ခုနှစ်ကျောင်းကို နောက်တစ်ကြိမ် ပိတ်ထားလိုက်ပြီဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ၇၀ မှာ မကြာသေးမီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် နေ့ကလေးထိန်းဌာနနှင့် မူလ တန်းကျောင်းများတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် မေလ ၁၁ ရက်မှစ၍ စာသင်ကျောင်းခုနှစ်ကျောင်းကို ပိတ် ထားခဲ့ကြောင်း ပြင်သစ်ပညာရေးဝန်ကြီး ဂျင်းမိုက်ကယ်ဘလန်ကွာ၏ ပြောကြားချက်အရသိရသည်။
မာယန်နီ၊ ကန်တယ်လ်၊ ဟော်တီဂရွန်နီနှင့် နိုက်စ်မြို့ရှိ စာသင်ကျောင်းခုနှစ်ကျောင်းကို ပိတ်ခဲ့ကြောင်း ဘလန် ကွာက ဆိုသည်။
စာသင်ကျောင်းများ ပိတ်ထားခြင်းကြောင့် ပြင်သစ်နိုင်ငံ၊ “အစိမ်းရောင်ဇုန်များ” ရှိ ပ ဉ္စမတန်းနှင့် ဆဌမတန်း ကျောင်းသူ၊ ကျောင်းသားများ တစ်ဖြည်းဖြည်း ကျောင်းပြန်တက်မှုကို ထိခိုက်စေမည်မဟုတ်ဟု ယူဆရသည်။
စာသင်ကျောင်းများ ပိတ်လိုက်ခြင်းက ဘေးအန္တရာယ်ကင်းရေးနှင့်ပတ်သက်၍ တင်းကျပ်စွာဆောင်ရွက်သည် ကို ပြသနေကြောင်း ၎င်းက ပြောသည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၇၀ တွင် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ ပါဝင်ခြင်းရှိမရှိ ဘလန်ကွာက မပြောကြားခဲ့သော်လည်း ရောဂါအစပျိုးသည့်ကာလမှာ ရှည် လျားခြင်းကြောင့် ကျောင်းပြန်မတက်မီ လူအများစုကို ကူးစက်ခဲ့ဖွယ်ရှိကြောင်း သူကဆိုသည်။
ပြင်သစ်နိုင်ငံတွင် ကလေးငယ် ၃၀ ရာခိုင်နှုန်းခန့် ကျောင်းပြန်တက်ပြီဟု သူက ဆိုသည်။ ကလေးငယ်များ နေအိမ်၌သာဆက်နေရန် အစိုးရက မိဘများကို ခွင့်ပြုခဲ့သော်လည်း ထိုသို့ခွင့်ပြုမှုက အကောင်းထက် အဆိုး ဖြစ်စေကြောင်း၊ စာသင်ကျောင်းမသွားသည့် အကျိုးဆက်များက ပိုဆိုးကြောင်း ဘလန်ကွာက ပြောသည်။
ပြင်သစ်နိုင်ငံရှိ ကျောင်းသူ၊ ကျောင်းသား ၇၀ ရာခိုင်နှုန်းက စာသင်ခန်းများသို့ ပြန်သွားခြင်းထက် အဝေး သင်ပညာသင်ကြားရေးသင်ခန်းစာများ ဆက်လက်အသုံးပြုနေဟု သူကဆိုသည်။
Ref ; People Media

0 comments:

Post a Comment