Tuesday, May 19, 2020

ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထွက် ခရမ်းချဉ်သီး ပိဿာချိန် သုံးသောင်းခွဲကို တပ်မတော်ဝယ်ယူမည်

Image may contain: one or more people, people standing, grass, outdoor and nature

တပ်မတော်အနေနဲ့ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထွက် ခရမ်းချဉ်သီး ပိဿာချိန် သုံးသောင်းခွဲဝယ်ယူသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

လက်ရှိမှာ တပ်မတော်အနေနဲ့ နောင်တရားနဲ့တီကျစ်ဒေသတွေမှာ စိုက်ခင်းထဲအရောက် ရာသီသီးနှံတွေ ကို လိုက်လံဝယ်ယူနေတာပါ။ အခုဝယ်ယူနေတဲ့ သီးနှံတွေကို သီးနှံရှားပါးတဲ့ တိုင်းစစ်ဌာနချုပ်တချို့နဲ့ ဒေသခံ ပြည်သူတွေကိုပါ ဖြန့်ဝေပေးမှာြဖစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။
“ရာသီသီးနှံရှားပါးတဲ့ တိုင်းစစ်ဌာနချုပ်တွေ တောင်းပိုင်းတိုင်းစစ်ဌာနချုပ် ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လို နေရာတွေကို သယ်ယူဖြန့်ဖြူးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ရာသီသီးနှံရှားပါးတဲ့ ဒေသတွေက ပြည်သူ လူထုကိုပါ ဖြန့်ဝေပေးနိုင်ဖို့အတွက်ဖြစ်တယ်။ ခရမ်းချဉ်သီး ပိဿာချိန် သုံးသောင်းခွဲလောက်ဝယ်ယူသွားမှာဖြစ်တယ်” လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
တပ်မတော်အနေနဲ့ ရာသီသီးနှံတွေကို အလုံးအရင်းစိုက်ပျိုးတဲ့ ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက နောင်တရား၊ ပင်လောင်း၊ တီကျစ်နယ်မြေတွေကနေ ဝယ်ယူနေတာဖြစ်တယ်လို့ဆိုပါတယ်။COVID-19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်တွေကြောင့် ဒေသခံတောင်သူတွေအနေနဲ့ သီးနှံဝယ်ယူသူတွေ နည်းပါးပြီး ရောင်းချဖို့ခက်ခဲတဲ့ အခြေအနေတွေကြောင့် တပ်မတော်အနေနဲ့ ဧပြီ(၄)ရက်က စပြီး ဂေါ်ဖီထုပ်နဲ့ တခြားသီးနှံတွေဖြစ်တဲ့ အာလူး ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်ဖြူတွေကို တောင်သူတွေ ရောင်းချ လိုတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူပေးခဲ့တာဖြစ်ပါတယ်။
Image may contain: one or more people, people standing, plant, sky, outdoor and nature
Image may contain: grass, outdoor and nature
Image may contain: flower, plant, outdoor and nature
Image may contain: one or more people, people standing, plant, outdoor and nature
Image may contain: sky, tree, outdoor and nature
Ref ; One News Myanmar

0 comments:

Post a Comment