Saturday, May 23, 2020

လားရှိုးနည်းပညာတက္ကသိုလ်မှ အလေးချိန် (၃၅)ကီလိုတင်ဆောင်နိုင်သည့် “ထရော်လီ ကိုဗစ်-၁၉”အမည်ရှိ အဝေးထိန်းပစ္စည်းသယ်စက်တီထွင်

လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ဆရာဝန်တွေနဲ့ လူနာတွေအကြား ချိတ်ဆက်အသုံးပြုနိုင်ဖို့ရည်ရွယ်ပြီး “ထရော်လီ ကိုဗစ်-၁၉” အမည်ရှိ အဝေးထိန်းပစ္စည်းသယ်စက်ကို လားရှိုးနည်းပညာတက္ကသိုလ်က တီထွင်လိုက်ပါတယ်။ အဲဒီအဝေးထိန်းစက်ဟာ ပစ္စည်းအလေးချိန် (၃၅)ကီလိုတင်ဆောင်ပါက အရှေ့အနောက်သာ သွားလာနိုင်ပြီး (၂၅)ကီလိုတင်ဆောင်မယ်ဆိုပါက အရှေ့အနောက်သာမက အကွေ့တွေကိုပါ ကောင်းစွာ ထိန်းချုပ်မောင်းနှင် နိုင်မှာဖြစ်တယ်လို့ လားရှိုးနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ တင့်ဆန်း ကဆိုပါတယ်။
“စက်တစ်ခုရဲ့ကုန်ကျစရိတ်မှာ ကျပ်(၅)သိန်းနဲ့ (၆)သိန်းဝန်းကျင်ရှိပါတယ်။ အဲဒီစက်ကို ကျွန်တော်တို့တွေက ကြီးကြပ်ပြီး ကျောင်းသားကျောင်းသူတွေ ပါဝင်တီထွင်ခဲ့ကြတာပါ”လို့ ဒေါက်တာ တင့်ဆန်းက ပြောပါတယ်။
အဆိုပါစက်ကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး လားရှိုးနည်းပညာတက္ကသိုလ်အနေနဲ့ တီထွင်မှု တွေဆက်လက်ဆောင်ရွက်နိုင်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထောက်ပံ့တဲ့ ငွေကျပ်သိန်း(၂၀)ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment