Saturday, May 23, 2020

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ညစ်ညမ်းမျက်နှာပြင်နှင့် တိရစ္ဆာန်များမှ အလွယ်မကူးစက်နိုင်ဟု အမေရိကန် CDC ပြောင်းလဲပြောဆို

ကိုရိုနာဗိုင်းရပ်စ်သည် အဓိကအားဖြင့်လူတစ်ဦးမှတစ်ဦးသို့ ကူးစက်လေ့ရှိပြီး ညစ်ညမ်းမျက်နှာပြင်တို့မှ အလွယ်တကူ မကူးစက်နိုင်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို CDC ဝဘ်ဆိုဒ်၏ “How COVID-19 Spreads ယခုလ နောက်ဆုံး မွမ်းမံချက်၌ ပြောင်းလဲဖော်ပြထားသည်ကို တွေ့ရှိရသည်ဟု အမေရိကန် Washington Post သတင်းစာက ယနေ့ရေးသားသည်။
CDC ၏ ပြန်လည်ပြင်ဆင်ထားသော လမ်းညွှန်ချက်၌ “ ဗိုင်းရပ်စ်သည် လူအများအကြား အလွယ်တကူပျံ့ နှံ့နိုင်ကြောင်း ခေါင်းစည်းစာလုံးမည်းဖြင့် ဖော်ပြထားသည်။ Covid-19 ရောဂါကို ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်သည် လူတို့အကြား အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်သည်ကိုလည်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။
CDC ၏ စာမျက်နှာတွင် အခြားသော အရေးပါသည့် တွေရှိချက်များအဖြစ် ပြောင်းလဲဖော်ပြရာ၌ ရောဂါကူးစက်ရန် အဓိကအန္တရာယ်အကြောင်းရင်းများ မဟုတ်သည်တို့ကို ရှင်းလင်းထားသည်။ ခေါင်းစဉ်အသစ်အရ“ ဗိုင်းရပ်စ်ပိုးသည် ညစ်ညမ်းသောအရာဝတ္ထု / မျက်နှာပြင်များ သို့မဟုတ် ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းဖြင့် ရောဂါကူးစက်သည်ကို ထူးခြားစွာမတွေ့ရှိရကြောင်း ဖော်ပြထားသည်။
CDC ၏ပြောရေးဆိုခွင့်ရှိသူ ခရစ်စတင်းနော့ဒ်လန်ဒ်က ပြောဆိုရာတွင် ယခု ပြန်လည် သုံးသပ်ရာ၌ Covid-19 ရောဂါသည် အဓိကအားဖြင့်လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့ခြင်းဖြင့် ပျံ့နှံ့သည်ဆိုသော အဓိကအချက်မှာမူ ပြောင်းလဲခြင်း မရှိကြောင်း၊ ဗိုင်းရပ်စ်သည် လူတစ်ဦးစကားပြောသည့်အခါ သို့မဟုတ် ချောင်းဆိုးသည့် အခါ ထွက်ပေါ်သော အရည်မှုန်မွှားများမှတစ်ဆင့် ပျံနှံ့ကြောင်း၊ သာမန် အဏုကြည့်မှန်ပြောင်းဖြင့် မမြင်ရနိုင်သော ဗိုင်းရပ်စ်ပိုးမွှားများ ပျံ့နှံ့စေရာ၌ အဆိုပါလူမှာ ဖျားနာ သို့မဟုတ် ရောဂါလက္ခဏာပြသရန် မလိုအပ်ကြောင်း၊ “အနီးကပ်” ဆိုရာတွင်လည်း နှာချေခြင်းကဲ့သို့ အရည်မှုန်မွှားများ ရောက်ရှိနိုင်သည့် ခြောက်ပေခန့်အကွာအဝေး ဖြစ်ကြောင်း၊ အဏုဇီဝရုပ်တို့၏ သိပ်သည်းဆ သဘာဝအရ လူနာပြုစုသည့်နေရာများ၊ အကျဉ်းထောင်များ၊ အပျော်စီးသင်္ဘောများနှင့် အသားထုပ်စက်ရုံများကဲ့သို့ လူတစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်သည့်နေရာတို့တွင် အလွယ်တကူ ပျံ့နှံ့နိုင်ကြောင်း၊ လွန်ခဲ့သည့် မတ်လ ဝါရှင်တန်ပြည်နယ်တွင် ဘာသာရေးဝတ်ပြုဆုတောင်းပွဲမှ လူပေါင်း ၅၂-ဦး ကူးစက်ခံရသည်အထိ အလွန်မြင့်မားစွာ ပျံ့နှံ့ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ဗိုင်းရပ်စ်သည် ကတ်ထူပြားတွင် ၂၄ နာရီအထိ၊ ပလပ်စတစ်နှင့်သတ္တုမျက်နှာပြင်များပေါ်တွင်တွယ်ကပ်၍ ၃ ရက်အထိဆက်လက်ရှင်သန်နိုင်ကြောင်း သို့သော် ၎င်းမှာ အပြင်ဘက်သို့ ရောက်ရှိလျှင် ဗိုင်းရပ်စ်မှာ ပုံမှန်အားဖြင့် စွမ်းရည်ယုတ်လျော့သွားကြောင်း၊ ထို့ကြောင့် သတင်းစာလက်ခံခြင်းမျိုးထက် ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့ခြင်းက ကူးစက်ခံရရန် အမြင့်မားဆုံးဖြစ်နိုင်သည်ကို တွေ့ရှိရကြောင်း ဗိုင်းရပ်စ်ဂေဟ ဗေဒသုတေသီ ဗင်းဆင့်မန်စတာက ပြောဆိုသည်။
တရားဝင်ထုတ်ပြန်ကြေညာခြင်းနှင့် ရှင်းပြခြင်းမရှိဘဲ CDC၏ ဝက်ဘ်ဆိုက်၌ ယခုကဲ့သို့ ပြောင်းလဲဖော်ပြမှု အတွက် ဗိုင်းရပ်စ်ပညာရှင်အချို့က စိုးရိမ်လျှက်ရှိသည်။ လက်ရှိဖြစ်ပွားနေသော ကပ်ရောဂါတွင် အမြဲတမ်းလိုလို ကြုံတွေ့ရသည့် ပြဿနာမှာ အစိုးရခေါင်းဆောင်များက ရှင်းရှင်းလင်းလင်း ပြောပြမှု့ မရှိခြင်းဖြစ်ကြောင်း၊ လက်ဆေးခြင်းကဲ့သို့ တစ်ကိုယ်ရေသန့်ရှင်းရေးမှု မှာ အကျိုးမရှိကြောင်း ထင်မြင်ရပြီး၊ လူချင်းဝေးဝေးနေစေရေးနှင့် (မျက်နှာဖုံးဝတ်ဆင်ရေးကဲ့သို့ ) အခြားကိစ္စများအပေါ် အလေးထားရန် ဖြစ်လာကြောင်း ကိုလံဘီယာတက္ကသိုလ် ဗိုင်းရပ်စ်ဗေဒပညာရှင်တစ်ဦးက ပြောဆိုသည်။
ယခုပြောင်းလဲမှုမှာ Fox News ကဲ့သို့ လက်ယာမီဒီယာတို့အတွက် ပွဲကြီးပွဲကောင်း တစ်ခုဖြစ်လာသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် ပတ်သက်၍ မေ ၁-ရက် ယခင် ဖော်ပြချက်များတွင် ဗိုင်းရပ်စ်ပိုးရှိနေသည့် မျက်နှာပြင် သို့မဟုတ် အရာဝတ္ထုကို ထိတွေ့ပြီး ပါးစပ်၊နှာခေါင်းနှင့် မျက်လုံးတို့ကို တို့ထိခြင်းဖြင့် Covid-19 ရောဂါ ကူးစက်ပုံရကြောင်း သို့သော် ၎င်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့စေသည့် အဓိကနည်းလမ်းဟု မယူဆရကြောင်း ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပိုမိုလေ့လာနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ကြ၍ ဖြစ်သည်။
crd-Htay Oung #Myanmar_Online_News
>>zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ညစ်ညမ်းမျက်နှာပြင်နှင့် တိရစ္ဆာန်များမှ အလွယ်မကူးစက်နိုင်ဟု အမေရိကန် CDC ပြောင်းလဲပြောဆို
Saturday, May 23, 2020
ကိုရိုနာဗိုင်းရပ်စ်သည် အဓိကအားဖြင့်လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်လေ့ရှိပြီး ညစ်ညမ်းမျက်နှာပြင်တို့မှ အလွယ်တကူ မကူးစက်နိုင်ကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဗဟို CDC ဝဘ်ဆိုဒ်၏ “How COVID-19 Spreads ယခုလ နောက်ဆုံး မွမ်းမံချက်၌ ပြောင်းလဲဖော်ပြထားသည်ကို တွေ့ရှိရသည်ဟု အမေရိကန် Washington Post သတင်းစာက ယနေ့ရေးသားသည်။
CDC ၏ ပြန်လည်ပြင်ဆင်ထားသော လမ်းညွှန်ချက်၌ “ ဗိုင်းရပ်စ်သည် လူအများအကြား အလွယ်တကူပျံ့ နှံ့နိုင်ကြောင်း ခေါင်းစည်းစာလုံးမည်းဖြင့် ဖော်ပြထားသည်။ Covid-19 ရောဂါကို ဖြစ်ပွားစေသော ကိုရိုနာဗိုင်းရပ်စ်သည် လူတို့အကြား အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်သည်ကိုလည်း ဖော်ပြထားကြောင်း တွေ့ရှိရသည်။
CDC ၏ စာမျက်နှာတွင် အခြားသော အရေးပါသည့် တွေရှိချက်များအဖြစ် ပြောင်းလဲဖော်ပြရာ၌ ရောဂါကူးစက်ရန် အဓိကအန္တရာယ်အကြောင်းရင်းများ မဟုတ်သည်တို့ကို ရှင်းလင်းထားသည်။ ခေါင်းစဉ်အသစ်အရ“ ဗိုင်းရပ်စ်ပိုးသည် ညစ်ညမ်းသောအရာဝတ္ထု / မျက်နှာပြင်များ သို့မဟုတ် ရောဂါကူးစက်ခံထားရသည့် တိရိစ္ဆာန်များနှင့် ထိတွေ့ခြင်းဖြင့် ရောဂါကူးစက်သည်ကို ထူးခြားစွာမတွေ့ရှိရကြောင်း ဖော်ပြထားသည်။
CDC ၏ပြောရေးဆိုခွင့်ရှိသူ ခရစ်စတင်းနော့ဒ်လန်ဒ်က ပြောဆိုရာတွင် ယခု ပြန်လည် သုံးသပ်ရာ၌ Covid-19 ရောဂါသည် အဓိကအားဖြင့်လူတစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ထိတွေ့ခြင်းဖြင့် ပျံ့နှံ့သည်ဆိုသော အဓိကအချက်မှာမူ ပြောင်းလဲခြင်း မရှိကြောင်း၊ ဗိုင်းရပ်စ်သည် လူတစ်ဦးစကားပြောသည့်အခါ သို့မဟုတ် ချောင်းဆိုးသည့် အခါ ထွက်ပေါ်သော အရည်မှုန်မွှားများမှတစ်ဆင့် ပျံနှံ့ကြောင်း၊ သာမန် အဏုကြည့်မှန်ပြောင်းဖြင့် မမြင်ရနိုင်သော ဗိုင်းရပ်စ်ပိုးမွှားများ ပျံ့နှံ့စေရာ၌ အဆိုပါလူမှာ ဖျားနာ သို့မဟုတ် ရောဂါလက္ခဏာပြသရန် မလိုအပ်ကြောင်း၊ “အနီးကပ်” ဆိုရာတွင်လည်း နှာချေခြင်းကဲ့သို့ အရည်မှုန်မွှားများ ရောက်ရှိနိုင်သည့် ခြောက်ပေခန့်အကွာအဝေး ဖြစ်ကြောင်း၊ အဏုဇီဝရုပ်တို့၏ သိပ်သည်းဆ သဘာဝအရ လူနာပြုစုသည့်နေရာများ၊ အကျဉ်းထောင်များ၊ အပျော်စီးသင်္ဘောများနှင့် အသားထုပ်စက်ရုံများကဲ့သို့ လူတစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်သည့်နေရာတို့တွင် အလွယ်တကူ ပျံ့နှံ့နိုင်ကြောင်း၊ လွန်ခဲ့သည့် မတ်လ ဝါရှင်တန်ပြည်နယ်တွင် ဘာသာရေးဝတ်ပြုဆုတောင်းပွဲမှ လူပေါင်း ၅၂-ဦး ကူးစက်ခံရသည်အထိ အလွန်မြင့်မားစွာ ပျံ့နှံ့ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ဗိုင်းရပ်စ်သည် ကတ်ထူပြားတွင် ၂၄ နာရီအထိ၊ ပလပ်စတစ်နှင့်သတ္တုမျက်နှာပြင်များပေါ်တွင်တွယ်ကပ်၍ ၃ ရက်အထိဆက်လက်ရှင်သန်နိုင်ကြောင်း သို့သော် ၎င်းမှာ အပြင်ဘက်သို့ ရောက်ရှိလျှင် ဗိုင်းရပ်စ်မှာ ပုံမှန်အားဖြင့် စွမ်းရည်ယုတ်လျော့သွားကြောင်း၊ ထို့ကြောင့် သတင်းစာလက်ခံခြင်းမျိုးထက် ရောဂါပိုးရှိသူနှင့် တိုက်ရိုက်ထိတွေ့ခြင်းက ကူးစက်ခံရရန် အမြင့်မားဆုံးဖြစ်နိုင်သည်ကို တွေ့ရှိရကြောင်း ဗိုင်းရပ်စ်ဂေဟ ဗေဒသုတေသီ ဗင်းဆင့်မန်စတာက ပြောဆိုသည်။
တရားဝင်ထုတ်ပြန်ကြေညာခြင်းနှင့် ရှင်းပြခြင်းမရှိဘဲ CDC၏ ဝက်ဘ်ဆိုက်၌ ယခုကဲ့သို့ ပြောင်းလဲဖော်ပြမှု အတွက် ဗိုင်းရပ်စ်ပညာရှင်အချို့က စိုးရိမ်လျှက်ရှိသည်။ လက်ရှိဖြစ်ပွားနေသော ကပ်ရောဂါတွင် အမြဲတမ်းလိုလို ကြုံတွေ့ရသည့် ပြဿနာမှာ အစိုးရခေါင်းဆောင်များက ရှင်းရှင်းလင်းလင်း ပြောပြမှု့ မရှိခြင်းဖြစ်ကြောင်း၊ လက်ဆေးခြင်းကဲ့သို့ တစ်ကိုယ်ရေသန့်ရှင်းရေးမှု မှာ အကျိုးမရှိကြောင်း ထင်မြင်ရပြီး၊ လူချင်းဝေးဝေးနေစေရေးနှင့် (မျက်နှာဖုံးဝတ်ဆင်ရေးကဲ့သို့ ) အခြားကိစ္စများအပေါ် အလေးထားရန် ဖြစ်လာကြောင်း ကိုလံဘီယာတက္ကသိုလ် ဗိုင်းရပ်စ်ဗေဒပညာရှင်တစ်ဦးက ပြောဆိုသည်။
ယခုပြောင်းလဲမှုမှာ Fox News ကဲ့သို့ လက်ယာမီဒီယာတို့အတွက် ပွဲကြီးပွဲကောင်း တစ်ခုဖြစ်လာသည်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့် ပတ်သက်၍ မေ ၁-ရက် ယခင် ဖော်ပြချက်များတွင် ဗိုင်းရပ်စ်ပိုးရှိနေသည့် မျက်နှာပြင် သို့မဟုတ် အရာဝတ္ထုကို ထိတွေ့ပြီး ပါးစပ်၊နှာခေါင်းနှင့် မျက်လုံးတို့ကို တို့ထိခြင်းဖြင့် Covid-19 ရောဂါ ကူးစက်ပုံရကြောင်း သို့သော် ၎င်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့စေသည့် အဓိကနည်းလမ်းဟု မယူဆရကြောင်း ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပိုမိုလေ့လာနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ကြ၍ ဖြစ်သည်။
crd-Htay Oung #Myanmar_Online_News

0 comments:

Post a Comment