
ယနေ့(မေလ ၆ရက်)နံနက် ၆နာရီကျော်တွင် ရခိုင်ပြည်နယ် မြောက်ဦးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်သည် စစ်တွေမြို့ကုတင် ၅၀၀ ဆေးရုံ၌ ကွယ်လွန်သွားကြောင်း မိသားစုဝင်များက အတည်ပြုသည်။
ဦးကျော်ကျော်သည် မြောက်ဦးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ တွင်တစ်ကြိမ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင်တစ်ကြိမ် ရခိုင်အမျိုးသားပါတီကိုယ်စားပြုအဖြစ်အနိုင် ရရှိခဲ့သည်။

Crd : 7Day
0 comments:
Post a Comment