
မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။ အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း မေ ၃၀ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုဒုတိယအကြိမ် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
ONE Championship သည် ရောဂါအခြေအနေ တည်ငြိမ်သွားမှသာ ပြိုင်ပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးပွဲ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် လေးပွဲမြောက်ထိုးသတ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီကိုတစ်ပွဲ အနိုင်ရထားသည်။
အောင်လအန်ဆန်နှင့် ဘစ်ဒငက်ရှ်သည် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲစီ အနိုင်ရထားပြီးအောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲများ ရွှေ့ဆိုင်းနေသော်လည်း အမေရိကန်နိုင်ငံရှိ နေအိမ်တွင် လေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။


>>zawgyi<<
အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ မေ ၃၀ ရက်သို့ ထပ်မံရွှေ့ဆိုင်း
Wednesday, May 6, 2020
မြန်မာ MMA ကစားသမား အောင်လအန်ဆန်၏ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ကမ္ဘာ့နိုင်ငံများ တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ထပ်မံရွှေ့ဆိုင်းခဲ့ရသည်။ အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို ဧပြီ ၁၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း မေ ၃၀ ရက်သို့ ရွှေ့ဆိုင်းခဲ့ရသလို ယခုဒုတိယအကြိမ် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
ONE Championship သည် ရောဂါအခြေအနေ တည်ငြိမ်သွားမှသာ ပြိုင်ပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ပြိုင်ဘက်ဟောင်း ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးပွဲ ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် လေးပွဲမြောက်ထိုးသတ်ရန် စီစဉ်ထားခြင်း ဖြစ်ပြီး ပြီးခဲ့သည့်သုံးပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို နှစ်ပွဲ၊ လက်ဘနွန်နိုင်ငံသား ကရာကီကိုတစ်ပွဲ အနိုင်ရထားသည်။
အောင်လအန်ဆန်နှင့် ဘစ်ဒငက်ရှ်သည် တတိယအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကြိမ်တွင် တစ်ပွဲစီ အနိုင်ရထားပြီးအောင်လအန်ဆန်သည် ချန်ပီယံကာကွယ်ပွဲများ ရွှေ့ဆိုင်းနေသော်လည်း အမေရိကန်နိုင်ငံရှိ နေအိမ်တွင် လေ့ကျင့်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
crd-MyanmarDigitalNews #Myanmar_Online_News
0 comments:
Post a Comment