Friday, May 1, 2020

ရုရှားဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ယာယီဝန်ကြီးချုပ်ခန့်အပ်

Image may contain: 2 people, people standing

မိမိ၌ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု ရုရှားဝန်ကြီးချုပ် မီးခေးလ်မီရှူစတင်က ကြေညာလိုက်ပြီး လုပ်ဖော်ကိုင်ဖက်များကို ကာကွယ်ပေးရန် သီးသန့်ခွဲနေထိုင်ရမည်ဟု မီခေးလ်က ရုရှားသမ္မတ ဗလာဒီ မာပူတင်နှင့် ရုပ်သံအစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့ကာ ယာယီဝန်ကြီးချုပ်ခန့်အပ်ရန် အကြံပြုလိုက်ကြောင်း သိရသည်။

သမ္မတ ပူတင်က ဒုတိယဝန်ကြီးချုပ်-၁ အန်ဒရေဘီလော်ဆော့ဗ်ကို ယာယီဝန်ကြီးချုပ်အဖြစ် အစားထိုး ခန့်အပ်သော အမိန့်တစ်ရပ်ကို မြန်မြန်ဆန်ဆန် လက်မှတ်ရေးထိုးခဲ့သည်။ လူတိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ နိုင်ကြောင်း၊ မီခေးလ်မပါဘဲ အရေးကြီးသော ဆုံးဖြတ်ချက်များ ပြုလုပ်မည်မဟုတ်ဟု သမ္မတ ပူတင်က ပြော ကြားခဲ့သည်။
ပူတင်က မျက်နှာချင်းဆိုင် အစည်းအဝေးများ မကျင်းပသည်မှာ သီတင်းပတ်များစွာ ကြာမြင့်ပြီဖြစ်ပြီး မီ ခေးလ်ကို အဆိုပါအခန်းတွင်း မတ်လ ၂၄ ရက်က နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ရုရှားသမ္မတရုံး ဝက်ဘ်ဆိုဒ်၏ ဖော်ပြချက်အရ သိရသည်။
ရုရှားနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရ၀၉၉ ရှိခဲ့ရာ စုစု ပေါင်း ကူးစက်မှု ၁၀၆၄၉၈ မှုနှင့် သေဆုံးမှု ၁၀၇၃ အထိ ရောက်ရှိလာခဲ့သည်ဟု အစိုးရ၏ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးခြေအနေ ဖော်ပြချက်အရ သိရသည်။
crd-PeopleMedia #Myanmar_Online_News

>>zawgyi<<
ရုရှားဝန်ကြီးချုပ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး ယာယီဝန်ကြီးချုပ်ခန့်အပ်
Saturday, May 2, 2020

မိမိ၌ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည်ဟု ရုရှားဝန်ကြီးချုပ် မီးခေးလ်မီရှူစတင်က ကြေညာလိုက်ပြီး လုပ်ဖော်ကိုင်ဖက်များကို ကာကွယ်ပေးရန် သီးသန့်ခွဲနေထိုင်ရမည်ဟု မီခေးလ်က ရုရှားသမ္မတ ဗလာဒီ မာပူတင်နှင့် ရုပ်သံအစည်းအဝေးတစ်ခုအတွင်း ပြောကြားခဲ့ကာ ယာယီဝန်ကြီးချုပ်ခန့်အပ်ရန် အကြံပြုလိုက်ကြောင်း သိရသည်။
သမ္မတ ပူတင်က ဒုတိယဝန်ကြီးချုပ်-၁ အန်ဒရေဘီလော်ဆော့ဗ်ကို ယာယီဝန်ကြီးချုပ်အဖြစ် အစားထိုး ခန့်အပ်သော အမိန့်တစ်ရပ်ကို မြန်မြန်ဆန်ဆန် လက်မှတ်ရေးထိုးခဲ့သည်။ လူတိုင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ နိုင်ကြောင်း၊ မီခေးလ်မပါဘဲ အရေးကြီးသော ဆုံးဖြတ်ချက်များ ပြုလုပ်မည်မဟုတ်ဟု သမ္မတ ပူတင်က ပြော ကြားခဲ့သည်။
ပူတင်က မျက်နှာချင်းဆိုင် အစည်းအဝေးများ မကျင်းပသည်မှာ သီတင်းပတ်များစွာ ကြာမြင့်ပြီဖြစ်ပြီး မီ ခေးလ်ကို အဆိုပါအခန်းတွင်း မတ်လ ၂၄ ရက်က နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ရုရှားသမ္မတရုံး ဝက်ဘ်ဆိုဒ်၏ ဖော်ပြချက်အရ သိရသည်။
ရုရှားနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရဝ၉၉ ရှိခဲ့ရာ စုစု ပေါင်း ကူးစက်မှု ၁၀၆၄၉၈ မှုနှင့် သေဆုံးမှု ၁၀၇၃ အထိ ရောက်ရှိလာခဲ့သည်ဟု အစိုးရ၏ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံးခြေအနေ ဖော်ပြချက်အရ သိရသည်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment