အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ(COVID-19) ကူးစက်မှု တားဆီးကာကွယ် ရေးအစီအမံများကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများ ပိုမိုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ၊ ပညာတော်သင်များ၊ အလုပ်သင်အလုပ်သမားများ လိုက်ပါလာသည့် All Nippon Airways (ANA)၏ ကယ်ဆယ်ရေး လေယာဉ် (Relief Flight)၊ ပျံသန်းအမှတ်၊ NH 813 သည် တိုကျိုမြို့၊ နာရီတာ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ယနေ့ (၂-၅-၂၀၂၀) နံနက် ၀၈၁၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင်သံဃာတော်(၂)ပါး၊ အစိုးရဝန်ထမ်း/ပညာတော်သင် (၁၄)ဦး၊ အလုပ်သင်သင်တန်းသား/သူများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မှီခိုသူ မိသားစုဝင်များ စုစုပေါင်း ( ၁၉၅ ) ဦး လိုက်ပါသွားခဲ့ပါသည်။
တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါကြမည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ လေဆိပ် တွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံအမတ်ကြီး၊ သံမှူးကြီးနှင့် မြန်မာသံရုံး၊ တိုကျိုမြို့မှ ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အပြင်၊ တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် All Nippon Airways လေကြောင်းလိုင်းမှ Narita Airport Services Co., Ltd. ၏ President and CEO Mr. ISHIDA Yohei နှင့် တာဝန်ရှိသူများ၊ ANA လေကြောင်းမှ ဝန်ထမ်းများ၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ တာဝန်ရှိသူများမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာထွက်ခွာနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာသံရုံးအနေဖြင့် တိုကျိုမြို့မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဆင်ပြေစေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီပေးခဲ့သည့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာအရာရှိများ၊ All Nippon Airways လေကြောင်းလိုင်း၊ Narita Airport Services Co., Ltd. ၏ President and CEO Mr. ISHIDA Yohei၊ International Affairs and Alliance ၏ Senior Vice President Mr. MIYAGAWA Junichiro၊ Mr. FUJII Hiroshi နှင့် All Nippon Airways လေကြောင်းလိုင်းမှ လေဆိပ်တာဝန်ရှိသူများ၊ တရားရေး ဝန်ကြီးဌာန၊ နာရီတာလေဆိပ်လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူး အထူးဥပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
>>zawgyi<<
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မိသားစုများ လိုက်ပါလာသည့် Relief Flight ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ယနေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ထွက်ခွာသွားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ထုတ်ပြန်
Saturday, May 2, 2020
အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ(COVID-19) ကူးစက်မှု တားဆီးကာကွယ် ရေးအစီအမံများကြောင့် မြန်မာနိုင်ငံသို့ အချိန်မီ ပြန်လည်ထွက်ခွာနိုင်ခြင်းမရှိဘဲ၊ ဂျပန်နိုင်ငံတွင် အခက်အခဲများ ပိုမိုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ၊ ပညာတော်သင်များ၊ အလုပ်သင်အလုပ်သမားများ လိုက်ပါလာသည့် All Nippon Airways (ANA)၏ ကယ်ဆယ်ရေး လေယာဉ် (Relief Flight)၊ ပျံသန်းအမှတ်၊ NH 813 သည် တိုကျိုမြို့၊ နာရီတာ အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ယနေ့ (၂-၅-၂၀၂၀) နံနက် ၀၈၁၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ချောမောစွာ ထွက်ခွာသွားခဲ့ပါသည်။
အဆိုပါကယ်ဆယ်ရေးလေယာဉ်တွင်သံဃာတော်(၂)ပါး၊ အစိုးရဝန်ထမ်း/ပညာတော်သင် (၁၄)ဦး၊ အလုပ်သင်သင်တန်းသား/သူများ၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မှီခိုသူ မိသားစုဝင်များ စုစုပေါင်း ( ၁၉၅ ) ဦး လိုက်ပါသွားခဲ့ပါသည်။
တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါကြမည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ လေဆိပ် တွင် အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာသံအမတ်ကြီး၊ သံမှူးကြီးနှင့် မြန်မာသံရုံး၊ တိုကျိုမြို့မှ ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အပြင်၊ တိုကျိုမြို့၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် All Nippon Airways လေကြောင်းလိုင်းမှ Narita Airport Services Co., Ltd. ၏ President and CEO Mr. ISHIDA Yohei နှင့် တာဝန်ရှိသူများ၊ ANA လေကြောင်းမှ ဝန်ထမ်းများ၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ တာဝန်ရှိသူများမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံသားများနှင့် မိသားစုများ အဆင်ပြေစွာထွက်ခွာနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။
မြန်မာသံရုံးအနေဖြင့် တိုကျိုမြို့မှ ရန်ကုန်မြို့သို့ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) အဆင်ပြေစေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီပေးခဲ့သည့် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံဆိုင်ရာအရာရှိများ၊ All Nippon Airways လေကြောင်းလိုင်း၊ Narita Airport Services Co., Ltd. ၏ President and CEO Mr. ISHIDA Yohei၊ International Affairs and Alliance ၏ Senior Vice President Mr. MIYAGAWA Junichiro၊ Mr. FUJII Hiroshi နှင့် All Nippon Airways လေကြောင်းလိုင်းမှ လေဆိပ်တာဝန်ရှိသူများ၊ တရားရေး ဝန်ကြီးဌာန၊ နာရီတာလေဆိပ်လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူး အထူးဥပကာရ တင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
0 comments:
Post a Comment