Saturday, May 23, 2020

ပါကစ္စတန်မှာ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ (၉၇)ဦးသေဆုံးပြီး ခရီးသည်(၂)ဦးသာ အသက်ရှင်

ခရီးသည် ၉၁ ဦးနဲ့ လေယာဉ်အမှုထမ်း(၈)ဦးတို့လိုက်ပါလာတဲ့ Airbus A320 လေယာဉ်ခရီးစဉ်အမှတ် PK8303ဟာ ဂျင်နတ်မြို့ရှိ နိုင်ငံတကာလေဆိပ်ကို ဆင်းသက်ဖို့ကြိုးစားချိန် လူနေရပ်ကွက်တစ်ခုပေါ် ပျက်ကျသွားတာကြောင့် လူ(၉၇)ဦးသေဆုံးသွားပါတယ်။
လေယာဉ်ဆင်းသက်ဖို့ကြိုးစားစဉ်မှာ အင်ဂျင်တွေချို့ယွင်းသွားတာကြောင့် လေကြောင်းထိန်းချုပ်ရေးစင်တာကို လေယာဉ်မှူးတွေက အရေးပေါ်ခေါ်ဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ လေယာဉ်ပျက်ကျမှုကြောင့် ခရီးသည်(၂)ဦးသာ အသက်ရှင်ကျန်ရစ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုသိရှိနိုင်ဖို့အတွက် လေယာဉ် Black Box ကိုရရှိဖို့ အာဏာပိုင်တွေက လုပ်ဆောင်နေကြပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့အတွက် လေကြောင်းခရီးစဉ်တွေကို ပိတ်ပင်ထားပြီးနောက် ပြန်လည်ပြေးဆွဲခွင့်ပြုပြီး ရက်အနည်းငယ်အကြာမှာ လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့တာပါ။
ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ၂၀၁၄ ခုနှစ်ကနေ ပြေးဆွဲပျံသန်းမှုတွေ စတင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ နှစ်စဉ်လေကြောင်းခရီးစဉ်ဆိုင်ရာ စစ်ဆေးမှုတွေ အောင်မြင်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံတကာ လေကြောင်းလိုင်းက ပြောပါတယ်။
crd-Voice of Myanmar #Myanmar_Online_News
>>zawgyi<<

0 comments:

Post a Comment