
မေလ (၅) ရက်က ဟိုင်နန်ကျွန်းပေါ်ရှိ ဝန်ချန် ဒုံးပျံလွှတ်တင်ရေး စခန်းကနေ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး Long March-5B အမည်ရှိ တွန်းကန်အားပေးဒုံးပျံကို စမ်းသပ်လွှတ်တင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီဒုံးပျံဟာ ရှေ့ပြေးပုံစံ အာကာသယာဉ်တစ်စင်းကို သယ်ဆောင်သွားပြီး သတ်မှတ်ထားတဲ့ ပတ်လမ်းထဲကို ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက် ကိုယ်ပိုင် အာကာသစခန်းတစ်ခု တည်ဆောက်ဖို့နဲ့ လ ပေါ် ကိုအာကာသယာဉ်မှူးတွေ စေလွှတ်ဖို့ ရည်မှန်းချက်အတွက် ကြီးမားတဲ့ စမ်းသပ်ချက်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
မတ်လကတည်းက တရုတ်နိုင်ငံဟာ စမ်းသပ်ဆဲ အာကာသယာဉ်တစ်စီး လွှတ်တင်ဖို့ ရည်ရွယ်ထားကြောင်း ပြောခဲ့ဖူးပါတယ်။ ကနဦးအစီအစဉ်အရ ဧပြီလ လယ်ပိုင်းကနေ လကုန်ပိုင်းလောက်မှာ လွှတ်တင်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် မေလ (၅) ရက်မှ လွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ (၂၀၂၂) ခုနှစ်ထဲမှာ ကိုယ်ပိုင် အာကာသစခန်း တစ်ခုဆောက်လုပ်ဖို့ ရည်ရွယ်ထားပြီး ၊ (၂၀၃၀) ပြည့်နှစ်ရောက်ရင် အာကာသ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ကို အမီလိုက်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။


>>zawgyi<<
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဒုံပျံကြီး ဟိုင်နန်ကျွန်းပေါ်ရှိ ဒုံးပျံလွှတ်တင်ရေး စခန်းကနေ စမ်းသပ်လွှတ်တင်
Wednesday, May 6, 2020
မေလ (၅) ရက်က ဟိုင်နန်ကျွန်းပေါ်ရှိ ဝန်ချန် ဒုံးပျံလွှတ်တင်ရေး စခန်းကနေ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး Long March-5B အမည်ရှိ တွန်းကန်အားပေးဒုံးပျံကို စမ်းသပ်လွှတ်တင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီဒုံးပျံဟာ ရှေ့ပြေးပုံစံ အာကာသယာဉ်တစ်စင်းကို သယ်ဆောင်သွားပြီး သတ်မှတ်ထားတဲ့ ပတ်လမ်းထဲကို ဝင်ရောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက် ကိုယ်ပိုင် အာကာသစခန်းတစ်ခု တည်ဆောက်ဖို့နဲ့ လ ပေါ် ကိုအာကာသယာဉ်မှူးတွေ စေလွှတ်ဖို့ ရည်မှန်းချက်အတွက် ကြီးမားတဲ့ စမ်းသပ်ချက်တစ်ခုဖြစ်တယ်လို့လည်း ဆိုပါတယ်။
မတ်လကတည်းက တရုတ်နိုင်ငံဟာ စမ်းသပ်ဆဲ အာကာသယာဉ်တစ်စီး လွှတ်တင်ဖို့ ရည်ရွယ်ထားကြောင်း ပြောခဲ့ဖူးပါတယ်။ ကနဦးအစီအစဉ်အရ ဧပြီလ လယ်ပိုင်းကနေ လကုန်ပိုင်းလောက်မှာ လွှတ်တင်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် မေလ (၅) ရက်မှ လွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ (၂၀၂၂) ခုနှစ်ထဲမှာ ကိုယ်ပိုင် အာကာသစခန်း တစ်ခုဆောက်လုပ်ဖို့ ရည်ရွယ်ထားပြီး ၊ (၂၀၃၀) ပြည့်နှစ်ရောက်ရင် အာကာသ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ရုရှားတို့ကို အမီလိုက်ဖို့ ရည်ရွယ်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
crd-5 PLUS NEWS #Myanmar_Online_News
0 comments:
Post a Comment