Saturday, May 23, 2020

ထိုင်းနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃ ဦးရှိကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့

မေလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ Coronavirus ရောဂါ ထပ်မံကူးစက်ခံရသူ ၃ ဦး ရှိပြီး ထပ်မံ သေဆုံးမှုမရှိကြောင်း၊ ရောဂါစတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလမှစ၍ ကူးစက်ခံရသူ ၃,၀၄၀ ဦး ရှိပြီး သေဆုံးသူ ၅၆ ဦး ရှိကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။
ထပ်မံ ကူးစက်ခံရသူများသည် မကြာသေးမီက ပြည်ပမှပြန်လာသည့် quarantine ထားရှိခံခဲ့ရသော ထိုင်းနိုင်ငံသား ၂ ဦးနှင့် Phuket မြို့တွင် နေထိုင်သည့် အသက် ၄၉ နှစ်အရွယ် အီတလီအမျိုးသားတစ်ဦး တို့ဖြစ်ကြောင်း အစိုးရ၏ Coronavirus အထူး လုပ်ငန်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Panprapa Yongtrakul က ပြောကြားခဲ့ပါသည်။
ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပြန်လည်ကောင်းမွန်လာသည့် လူနာ ၂,၉၁၆ ဦးရှိပြီး နေအိမ်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း Panprapa မှ ပြောကြားခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News
>>zawgyi<<
ထိုင်းနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၃ ဦး ရှိကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန်ကြေညာခဲ့
Saturday, May 23, 2020
မေလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ Coronavirus ရောဂါ ထပ်မံ ကူးစက်ခံရသူ ၃ ဦး ရှိပြီး ထပ်မံ သေဆုံးမှုမရှိကြောင်း၊ ရောဂါစတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလမှစ၍ ကူးစက်ခံရသူ ၃,၀၄၀ ဦး ရှိပြီး သေဆုံးသူ ၅၆ ဦး ရှိကြောင်း ထိုင်းနိုင်ငံမှ ထုတ်ပြန် ကြေညာခဲ့ပါသည်။
ထပ်မံ ကူးစက်ခံရသူများသည် မကြာသေးမီက ပြည်ပမှ ပြန်လာသည့် quarantine ထားရှိခံခဲ့ရသော ထိုင်းနိုင်ငံသား ၂ ဦးနှင့် Phuket မြို့တွင် နေထိုင်သည့် အသက် ၄၉ နှစ်အရွယ် အီတလီအမျိုးသားတစ်ဦး တို့ဖြစ်ကြောင်း အစိုးရ၏ Coronavirus အထူး လုပ်ငန်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Panprapa Yongtrakul က ပြောကြားခဲ့ပါသည်။
ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပြန်လည်ကောင်းမွန်လာသည့် လူနာ ၂,၉၁၆ ဦးရှိပြီး နေအိမ်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း Panprapa မှ ပြောကြားခဲ့ပါသည်။
source-Channel News Asia #Myanmar_Online_News

0 comments:

Post a Comment