Tuesday, February 26, 2019

ရန်ကုန်မှာ ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်တွေ ရောင်းအားကျဆင်းနေတာကြောင့်  ဈေးလျော့ရောင်းနေရဟုဆို



ရန်ကုန်မှာ ကျပ်တစ်ထောင်တန် အောင်ဘာလေထီလက်မှတ်တွေ ရောင်းအားကျဆင်းနေတာကြောင့်  ဈေးလျော့ရောင်းချနေရတယ် လို့ ထီ ရောင်းချသူတွေက ပြောပါတယ် ။ 

ကျပ်တစ်ထောင်တန်ထီလက်မှတ်တွေကို အစိုးရသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးခဲ့ပေမယ့်  ထီထိုးကံစမ်းတဲ့သူတွေဟာ စိတ်ဝင် စားမှုနည်းပါးပြီး ၅၀၀တန် ထီလက်မှတ်တွေသာအရောင်းသွက် နေတယ်လို့ ထီရောင်းချသူ တွေကဆိုပါတယ် ။ 

"၁၀၀၀တန် ထီက သိပ်ရောင်းအားမကောင်းဘူး၊ အခု ၁၀၀၀တန်ထီ တစ်စောင်ကို ၈၀၀ ကျပ်နဲ့ ရောင်းပေးနေတယ်၊ ဒါပေမယ့် အရင် ၅၀၀ ကျပ်ထီတုန်းကလောက် မရောင်းရဘူး "လို့ကျောက်တံတားမြို့ နယ်ရှိ ထီလုပ်ငန်းရှင်တစ် ဦးကရှင်းပြပါတယ် ။ 

တောင်ကြီးမြို့ရှိ ထီကားတွေမှာလည်း ထီတစ်စောင်ကို အစိုးရသတ်မှတ်နှုန်းအတိုင်း ၁၀၀၀ကျပ်နဲ့ရောင်းချပေးနေတယ်လို့ စာတွေကပ်ပြီးတော့ ရောင်းချပေးနေပေမယ့်လည်း သိပ်မရောင်းရဘူးလို့ ထီရောင်းသူအချို့ကပြောပါတယ်။ 

အောင်ဘာလေသိန်းဆုဌာန အနေနဲ့ကျပ် ၅၀၀ တန်ထီလက်မှတ်တွေကို အက္ခရာ ၁၂ လုံး ၊ ကျပ် ၁၀၀၀ တန်ထီလက်မှတ်တွေကို အက္ခရာ ၄၀လုံးတို့နဲ့ ရောင်းချထားတာဖြစ်ပြီး မတ်လ ၁ ရက်နေ့မှာ ထီ ဖွင့်ပွဲကျင်းပသွားမှာဖြစ်ပါတယ် ။ 

Popular News Journal

0 comments:

Post a Comment