Tuesday, February 26, 2019

မြန်မာကြက်တောင်မယ် သက်ထားသူဇာ နိုင်ငံတကာကြက်တောင်စီးရီးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူး


ယူဂန်ဒါနိုင်ငံတကာ ကြက်တောင်စီးရီးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင် အားကစားမယ် သက်ထားသူဇာ သည် ကမ္ဘာ့အဆင့်ရှိ နာမည်ကြီး ကစားသမားကို ကျော်ဖြတ်၍ ရွှေ တံဆိပ် ဆွတ်ခူးခဲ့သည်။ 
ဖေဖော်ဝါရီ ၂၄ ရက်က ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ယှဉ်ပြိုင်သည့် နိုင်ငံတကာကြက် တောင် စီးရီးပြိုင်ပွဲ ဗိုလ်လုပွဲတွင် သက်ထားသူဇာသည် အဆင့် (၁၈၅) ရှိ ဂျော်ဒန်နိုင်ငံသူ ဒိုမိုအမ် ရိုကို ၂၁ - ၁၄၊ ၂၁ - ၁၂ ဖြင့် နှစ်ပွဲပြတ်အနိုင်ရကာ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ 

၂၀၁၉ နိုင်ငံတကာ ကြက် တောင်စီးရီးပြိုင်ပွဲကို ယူဂန်ဒါ နိုင်ငံ ကမ်ပါလာမြို့၌ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိကျင်းပ ခဲ့ပြီး ပြိုင်ပွဲတွင် အာရှနှင့် အာဖ ရိကနိုင်ငံ အများမှ နာမည်ကြီး ကြက်တောင်ကစားသမား ၃၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 

ကမ္ဘာ့အဆင့် (၁၈၁) ရှိ သည့် သက်ထားသူဇာသည် နိုင်ငံ တကာစီးရီး ကြက်တောင်ပြိုင်ပွဲ တွင် ပြိုင်ပွဲစည်းမျဉ်းအရ လက် ရည်စစ်ပွဲမ၀င်ရဘဲ ၃၂ ဦးအဆင့် က စတင် ယှဉ်ပြိုင်ခဲ့ရသည်။ 

သက်ထားသူဇာသည် ၃၂ ဦးအဆင့်တွင် အိမ်ရှင်ယူဂန်ဒါ နိုင်ငံသူ ဘရစ်ဂျက်ရှာမင်ဘန်ဂျီ ကို ၂၁-၈၊ ၂၁-၉ မှတ် နှစ်ပွဲ ပြတ်၊ ၁၆ ဦးအဆင့်တွင် အိမ်ရှင် ယူဂန်ဒါနိုင်ငံသူ ဘရန်ဒါမူဘာဂီ ကို ၂၁-၁၊ ၂၁-၇ ဖြင့် နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ ထို့အပြင်အကြို ဗိုလ်လုပွဲတွင် သက်ထားသူဇာ သည် ကမ္ဘာ့အဆင့် (၂၁၆) ရှိ အီရန်နိုင်ငံသူ ဆာမင်ကို ၂၁ - ၁၂၊ ၂၁ - ၁၅ ဖြင့် နှစ်ပွဲပြတ်အနိုင် ရကာ ဗိုလ်လုပွဲသို့ တက်ရောက် ခဲ့သည်။ 

၎င်းသည် ၂၀၁၈ဒီဇင်ဘာက နေပြည်တော်၌ ကျင်းပသည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ခါးဒဏ်ရာရရှိကာ တစ်လကျော် အနားယူခဲ့ရပြီး ၂၀၁၉ ဇန်န၀ါရီ တတိယပတ်ကစ၍ ပြန်လည်လေ့ကျင့်ခဲ့သည်။ 

ယူဂန်ဒါနိုင်ငံတကာ ကြက် တောင်စီးရီးပြိုင်ပွဲသည် သက် ထားသူဇာ၏ ယခုနှစ် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်သည်။ 

အသက် (၁၉) နှစ်အရွယ် သက်ထားသူဇာသည် ၂၀၁၈ အ တွင်း နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိထားပြီး အီဂျစ် နိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ စီးရီး ကြက်တောင်ပြိုင်ပွဲတွင် ရွှေ တံဆိပ်၊ နီပေါနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲ တွင် ငွေတံဆိပ်ရရှိထားသည်။

7Day

0 comments:

Post a Comment