Tuesday, February 26, 2019

ဗြိတိသျှသံရုံးအဆောက်အအုံတွင် မြို့ပြအမွေအနှစ် အပြာရောင်ကမ္ဗည်းပြားတပ်ဆင်


ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ၂၈ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ကမ်းနားလမ်းရှိ ဗြိတိသျှသံရုံးအဆောက်အုံ၌ ဖေဖော်ဝါရီလ ၂၆ ရက် တွင် တပ်ဆင်ခဲ့သည်။ 
ယနေ့ ဗြိတိသျှသံရုံးနှင့် ဗြိတိသျှကောင်စီတို့ အသုံးပြုလျှက်ရှိသော အဆောက်အုံကို မူလက ဂလပ်စကိုမြို့ အခြေစိုက် J.and F.Graham & Co., ၏ ရုံးချုပ်အဖြစ် ၁၉ ၀၀ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ကမ်းနားလမ်းတလျောက် သတမ်းအရင့်ဆုံး အဆောက်အုံများတွင် တခုပါဝင်သည်။ 

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးသောအခါ အဆောက်အုံကို ပေါင် ၆၄၀၀၀ ဖြင့် ၁၉ ၄၈ခုနှစ်တွင် ရောင်းချခဲ့ပြီး ဗြိတိသျှသံရုံးအဖြစ် အသုံးပြုခဲ့သည်။ 

အပြာရောင်ကမ္ဗည်းပြားများသည် ရန်ကုန်မြို့ရှိ အမွေအနှစ်ဆိုင်ရာ အဆောက်အုံများနှင့် နေရာများတွင် အဆိုပါအဆောက်အုံများ၊ နေရာများနှင့်ဆက်စပ်နေသည့် သမိုင်းဝင်လူပုဂ္ဂိုလ်များ၊ သမိုင်းအဖြစ်အပျက်များကို ဖော်ပြပြီး မြို့၏ အမှတ်အသားတခုအဖြစ် တပ်ဆင်ထားရှိမည့် အထိမ်းအမှတ်ဖြစ်ပြီး ရည်ရွယ်ချက်မှာ လူအများသိရှိပြီး အဆောက်အုံများ၊ နေရာများကို ပိုမိုတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန်နှင့် ရန်ကုန်မြို့၏ သမိုင်းကြောင်းနှင့် အမွေအနှစ်များကို အသက်အရွယ်မရွေး နယ်ပယ်စုံမှ လေ့လာနိုင်ပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်သည်ဟု သိရသည်။ 






ဓာတ်ပုံ-မျိုးမင်းစိုး/ဧရာဝတီ


ဧရာဝတီ

0 comments:

Post a Comment