Tuesday, February 26, 2019

အခြေခံဥပဒေ အခန်း(၁)ပါ ပြင်ဆင်လိုသည့်ပုဒ်မများ စတင်ဆွေးနွေးမည်



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပါအ ချက်အလက်များကို ပြင်ဆင်လို သည့် ပါတီအစုအဖွဲ့များ၏ပြင် ဆင်ချက်များစုပြီး မည်သည့် ဥပဒေပုဒ်မများ ပြင်ဆင်ကြမည် ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦး အောင်ကြည်ညွန့်ကပြောသည်။ 
ဖေဖော်ဝါရီ ၂၅ ရက်က ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီသည် ဥပဒေ  ပြင်ဆင်ရေးကိစ္စနှင့်စပ်လျဉ်းပြီး တစ်နာရီခွဲခန့် အစည်းအဝေး ပြုလုပ်ခဲ့သည်။ 

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)ကို အစုအဖွဲ့အလိုက် ပြင်ချင်တဲ့အခန်းတွေကို ကန့်လန့် ဖြတ်ဇယားတွေလုပ်ပြီးတော့ ပေး ကြမယ်။ ကန့်လန့်ဖြတ်ဇယားကို အကုန်လုံးစုပြီးရင် စကားလုံးအ သေးစိတ်တွေကို ဆွေးနွေးမှာ မဟုတ်ဘူး။ ဘယ်ဟာကိုပြင်မယ် ဆိုတာကို၊ ဘယ်ဟာကို လုပ်စေ ချင်လဲဆိုတာကို ဆွေးနွေးကြမှာ ပါ။ အခန်း(၁)ကစမယ်’’ဟု ဦး အောင်ကြည်ညွန့်ကပြောသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးပူးပေါင်းကော်မတီအနေ ဖြင့် စတင်ဆောင်ရွက်မည့် ဥပဒေ ပါအခန်း(၁)နိုင်ငံတော်အခြေခံမူ များပါ ဥပဒေပုဒ်မ ၄၈ ခုရှိမည်ဖြစ် ကာ အဆိုပါအချက်အလက်များ အနက် ပြင်ဆင်လိုသည့်ဥပဒေ ပုဒ်မများကို ပါတီများက ကော်မ တီအစည်းအဝေးသို့ တင်ပြကာ ဆွေးနွေးမည်ဖြစ်သည်။ 

‘‘ပြင်ဆင်ချင်တဲ့ ပုဒ်မတွေ ကို တိုင်းရင်းသားကိုယ်စားလှယ် တွေက သူတို့ပါတီကိုတင်ပြရဦး မှာဆိုတော့ အချိန်ယူရဦးမယ်။ ဒါ ကြောင့် အစည်းအဝေးကို ဒီတစ် ပတ်မလုပ်ဘဲ နောက်တစ်ပတ်ကို ပြောင်းရွှေ့လိုက်တယ်’’ ဟု ဦး အောင်ကြည်ညွန့်ကပြောသည်။ 

အဆိုပါကော်မတီအစည်း အဝေးသို့ တပ်မတော်သားလွှတ် တော်ကိုယ်စား လှယ်အစုအဖွဲ့နှင့် ပြည်ခိုင်ဖြိုးပါတီတို့ကလည်း ပထမဦးဆုံးအဖြစ် တက်ရောက်ခဲ့ သည်။ 

‘‘ဒီနေ့ အစည်းအဝေးက ကိုယ်စားလှယ် စုံစုံညီညီတက် ရောက်တယ်။ ခွင့်သွားနေတဲ့၊ ဒါ လည်း လွှတ်တော်တာဝန်နဲ့ပြည်ပ ခရီးစဉ်သွားနေတဲ့ တပ်မတော် သားကိုယ်စားလှယ်နှစ်ယောက် ရယ်၊ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ယောက်ရယ် ပဲရှိတယ်။ ကျန်တာစုံစုံညီညီတက် ရောက်ပါတယ်’’ဟု ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်း ကော်မတီအတွင်းရေးမှူး ဒေါက် တာမြတ်ဉာဏစိုးကပြောသည်။ 

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စာလှယ်အပါအဝင် ပါတီ ကိုယ်စားလှယ်များက လွှတ်တော် ပိတ်ရက်များအတွင်း ကော်မတီ အစည်းအဝေးများ ဆက်တိုက် လုပ်ဆောင်ရန် သဘောတူညီ ခဲ့ကြောင်း ဒေါက်တာမြတ်ဉာဏ စိုးကပြောသည်။ 


ဖွဲ့စည်းပုံအခြေခံဥပဒေပူး ပေါင်းကော်မတီ၏ တတိယအ ကြိမ်အစည်းအဝေးကို လာမည့် အပတ် တနင်္လာနေ့တွင် ပြန်လည်ပြုလုပ်မည်ဖြစ်ကြောင်း ကော်မတီဝင်များက ပြောသည်။ 

7Day

0 comments:

Post a Comment