Tuesday, February 26, 2019

ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့်နေ့ကို အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ရန် သင့်လျော်မှုမရှိသေးဟုဆို

လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့ သောခေါင်းဆောင်များရှိခဲ့သဖြင့် ဆရာတော်ဦးဥတ္တမပျံလွန်တော် မူသည့်နေ့ကို အစိုးရရုံးပိတ်ရက် အဖြစ်သတ်မှတ်ပါက အခြား တိုင်းရင်းသားများကလည်း အ လားတူ တောင်းဆိုလာနိုင် ကြောင်း တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးလှမော်ဦးကပြောသည်။ 
ဖေဖော်ဝါရီ ၂၅ ရက်အမျိုး သားလွှတ်တော်၌ ရခိုင်ပြည် နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ် ဦးဝေစိန်အောင် ကဦးဥတ္တမပျံလွန်တော်မူသည့် နေ့ကို ရုံးပိတ်ရက်အဖြစ် သတ် မှတ်ပေးရန်ရှိ၊ မရှိမေးမြန်းမှုကို ဒုတိယ၀န်ကြီး ဦးလှမော်ဦးက ပြန်လည်ဖြေကြားရာတွင် ထည့် သွင်းပြောကြားသည်။ 

‘‘ဆရာတော်ဦးဥတ္တမသည် လွတ်လပ်ရေး ကြိုးပမ်းဆောင် ရွက်ရာမှာ ပါဝင်ခဲ့တဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်သော်လည်း အ ခြားသောသက်ဆိုင်ရာ တိုင်းရင်း သားမျိုးနွယ်စုများမှာလည်း လွတ် လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါ ၀င်ခဲ့တဲ့ ခေါင်းဆောင်များရှိခဲ့ပါ တယ်’’ ဟု တိုင်းရင်းသားလူမျိုး ရေးရာဒုဝန်ကြီးကပြောသည်။ 

ထို့အကြောင့် ဆရာတော်ဦးဥတ္တမပျံလွန်တော်မူသည့် စက် တင်ဘာ ၉ ရက်ကို အစိုးရရုံးပိတ် ရက် (သို့မဟုတ်) ရခိုင်ပြည်နယ် ၏ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပါက အခြားတိုင်းရင်း သားများကလည်း အလားတူ တောင်းဆိုလာနိုင်ကြောင်း ဒုဝန် ကြီးကပြောသည်။ 

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအ တွက်အလင်းပြခဲ့သူတစ်ဦးဖြစ်၍ ဆရာတော်ဂုဏ်ကျေးဇူးကို အမြဲ သတိရစေရန် ဆရာတော်ပျံလွန် တော်မူသည့် စက်တင်ဘာ ၉ ရက်ကို အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခြင်းမရှိပါက ရခိုင် ပြည်နယ်ရုံးပိတ်ရက်အဖြစ် သတ် မှတ်ပေးရန် လွှတ်တော်ကိုယ်စား လှယ်ဦးဝေစိန်အောင်က လွှတ် တော်တွင်ပြောကြားသည်။ 

လက်ရှိ အခြေအနေအရ နိုင်ငံတော်က ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ ထိခိုက်မှုမရှိစေရေးနှင့်တိုင်း ရင်းသားများအကြား အထင်အ မြင်လွဲမှားပြီး ခွဲခြားဆက်ဆံခံရ သည့် သဘောမျိုးမဖြစ်စေရန် လည်းကောင်း၊ တိုင်းရင်းသား တစ်မျိုးတည်းကို ဦးစားပေး၍ အ ခွင့်အရေးပေးသည့် သဘောမျိုး မဖြစ်စေရန်လည်းကောင်း၊ အစိုး ရ၏ ယန္တရားလည်ပတ်မှုကို မထိ ခိုက် စေရန်လည်းကောင်း စက် တင်ဘာ ၉ ရက်ကို ဆရာတော် ဦးဥတ္တမနေ့အဖြစ် အစိုးရရုံးပိတ် ရက် (သို့မဟုတ်) ရခိုင်ပြည်နယ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ရန် သင့်လျော်မှု မရှိသေးကြောင်း ဒုတိယ၀န်ကြီးကပြောသည်။ 

လက်ရှိတွင် တရားဝင်ရုံး ပိတ်များ၊ မဟာသင်္ကြန်ကာလရုံး ပိတ်ရက်များနှင့် အခြားပြန်တမ်း ၀င်ရုံးပိတ်ရက်များသည် တစ်နှစ် လျှင် ရက်ပေါင်း ၁၃၀ ခန့်ရှိသ ဖြင့် ရုံးပိတ်ရက်များ ထပ်မံများ ပြားလာပါက အစိုးရယန္တရား လည်ပတ်မှုကို ထိခိုက်စေနိုင် ကြောင်း ၎င်းကပြောသည်။ 

ထို့အပြင် နိုင်ငံတော်သည် ပြည်သူများအတွက် ၀န်ဆောင်မှု လုပ်ငန်းများ၊ ကုန်ပစ္စည်းထုတ် လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ် ရေးလုပ်ငန်းများ၊ ဘဏ်လုပ်ငန်း များနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် စုပေါင်းဆောင်ရွက်ရမည့် ကာလတွင် ရုံးပိတ်ရက်ထပ်တိုး လာမည်ဆိုပါက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အနည်းနှင့်အ များထိခိုက်လာမည် ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြား သည်။ 

ဆရာတော် ဦးဥတ္တမသည် ၁၉၃၉ စက်တင်ဘာ ၉ ရက် သက်တော် (၆၀) သိက္ခာတော် (၄၁) ၀ါတွင် ပျံလွန်တော်မူခဲ့ သည်။ ဆရာတော်သည် အင်္ဂလိပ် အစိုးရလက်ထက်က သုံးကြိမ် တိုင်ဖမ်းဆီးခံခဲ့ရသည်။

7Day

0 comments:

Post a Comment