5 G ကွန်ရက် ဆက်သွယ်ရေး အခြေခံအဆောက်အအုံအတွက် Huawei ကို အသုံးပြုမှုမှ ရှောင်ရှားရန် အမေရိကန်က မတ် ၁၃ ရက်တွင် ဥရောပကို ဖိအားတိုးမြှင့်ပေးခဲ့ပြီး ဂျာမနီသည် Huawei ကုမ္ပဏီနှင့်လက်တွဲပါက နေတိုးတပ်ဖွဲ့ဝင်များသည် ဂျာမန်တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အမေရိကန်ဗိုလ်ချုပ်တစ်ဦးက ပြောကြားခဲ့သည်။
တရုတ်အစိုးရနှင့် ဆက်ဆံရေးအလွန်နီးကပ်နေသော Huawei ကုမ္ပဏီကြောင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို စိုးရိမ်နေသည့် အမေရိကန်နှင့် အခြား အနောက်တိုင်းနိုင်ငံများက အဆင့်မြင့် 5 G ကွန်ရက်တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူမှုများတွင် Huawei ကို ပိတ်ပင်ထားခဲ့သည်။
Huawei ၏ ဆက်သွယ်ရေးဆိုင်ရာ ကျောရိုးသည် အထူးသဖြင့် 5 G ကွန်ရက်၏ အချက်အလက်များအား ဆွဲယူနိုင်သည့် လုပ်နိုင်စွမ်းနှင့် စွမ်းရည်သည် မယုံကြည်နိုင်လောက်စရာဖြစ်ကြောင်း ဥရောပမှ နေတိုး၏ မဟာမိတ်တပ်မှူးဖြစ်သူ အမေရိကန်ဗိုလ်ချုပ် ကာတစ်စကာပါရော့တီက အမေရိကန်အမတ်များကို ပြောကြားခဲ့သည်။ ထိုစနစ်သည် မိမိတို့၏ ကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေးစနစ်တွင် ရောက်ရှိနေလျှင် မိမိတို့သည် ထိုစနစ်နှင့် ဆက်သွယ်မှု လုပ်ဆောင်သွားမည်မဟုတ်ကြောင်း စကာပါရော့တီက အောက်လွှတ်တော်လက်နက်ကိုင်ရေးရာ ကော်မတီတွင် ပြောကြားခဲ့သည်။ စစ်ဘက်အတွက်လည်း ထိုစနစ်သည် ပြဿနာတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဥရောပတွင် အထူးသဖြင့် ဂျာမနီတွင် Huawei ကဲ့သို့ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ကုန်သွယ်ရေးဆွေးနွေးမှုများအတွက် မေးခွန်းထွက်ပေါ်နေစဉ် စကာပါရော့တီ၏ မှတ်ချက်များ ထွက်လာခဲ့ခြင်းဖြစ်သည်။ Huawei သည် ကုန်သွယ်ရေးလျှို့ဝှက်ချက်များအား ခိုးယူခြင်း၊ ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအား နှောင့်ယှက်ခြင်းနှင့် အီရန်အားစီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲခြင်းတို့ လုပ်ဆောင်ခဲ့သည်ဟု အမေရိကန် တရားရေးဌာနက စွဲချက်များစွဲဆိုထားသည်။
တရုတ်ဥပဒေအရ နိုင်ငံထဲ၌ ရုံးချုပ်ဖွင့်လှစ်သော ကုမ္ပဏီများသည် ထောက်လှမ်းရေးအဖွဲ့များထံ နည်းပညာအကူအညီများပေးရန် ဝတ္တရားရှိကြောင်း ပြဋ္ဌာန်းထားသည်။ သို့သော် Huawei က ၎င်းတို့၏ ကိရိယာများအား သူလျှိုမှုများတွင် အသုံးပြုနိုင်ကြောင်း စွပ်စွဲချက်များကို အပြင်းအထန် ငြင်းဆိုထားခဲ့သည်။ ဥရောပတွင် ဆက်သွယ်ရေးအခြေခံ အဆောက်အအုံစီမံကိန်း၌ တရုတ်၏ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် တည်ဆောက်မှု၏ ခြိမ်းခြောက်မှုကို ရှင်းရှင်းလင်းလင်း ပြောကြားထားကြောင်း၊ ထိုစိုးရိမ်မှုများသည် တစ်ကိုယ်ရည်သုံးအပြင် စစ်ဘက်အတွက်ပါ ဆက်သွယ်ရေးအတွက် လုံခြုံရေးနှင့် ဆက်နွှယ်နေကြောင်း အပြည်ပြည်ဆိုင်ရာရေးရာအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ ယာယီလက်ထောက် Kathryn Wheelbarger က ပြောကြားခဲ့သည်။
ဂျာမနီသည် အနာဂတ်မိုဘိုင်းဆက် သွယ်ရေးအခြေခံအဆောက်အအုံအတွက် ယခုလလယ်တွင် လေလံပွဲများကျင်းပရန် စီစဉ်ထားသည်။ ဂျာမနီ၏ 5 G အခြေခံအဆောက်အအုံတွင် မယုံကြည်ရသောရောင်း ချသူများအား အသုံးပြုပါက အနာဂတ်တွင် သတင်းအချက်အလက်မျှဝေမှုကို ထိခိုက်လာနိုင်ကြောင်း အမေရိကန်က ဘာလင်ကို သတိပေးခဲ့ကြောင်း ဝေါစထရိဂျာနယ်က မတ် ၁၁ ရက်တွင် သတိပေးခဲ့သည်။ Huawei ၏ နည်းပညာအသုံးပြုရာတွင် ဘာလင်သည် ၀ါရှင်တန်နှင့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်က မတ် ၁၂ ရက်တွင် ကတိပြုခဲ့သည်။
Ref ; AFP
Eleven Media Group







0 comments:
Post a Comment