ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းကို ရခိုင်လက်နက် ကိုင်အဖွဲ့(AA)က မတ်လ ၉ ရက်တွင် အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်၍ ရဲတပ်ဖွဲ့ ၀င် ကိုးဦးကျဆုံးခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
ယိုးတရုတ်ကျေးရွာရှိရဲအုပ် စောသိန်းထွန်း ဦးစီးသည့် ရဲကင်း စခန်းကို AA အဖွဲ့ (သောင် ကျန်းသူဟုဖော်ပြထား) အင်အား ၆၀ ခန့်ကလက်နက်ကြီး၊ လက် နက်ငယ်ဖြင့် ည ၁၁ နာရီ၊ မိနစ် ၂၀ ခန့်မှ မိနစ် ၅၀ ခန့်အထိ နာရီဝက်ကြာ တိုက်ခိုက်ခဲ့ ကြောင်း၊ ယင်းရဲကင်းစခန်းသည် ယိုးတရုတ်ကျေးရွာတွင် ဖွင့်လှစ် ထားသည့် တက္ကသိုလ်ဝင်တန်းစာ စစ်ဌာန၏ မေးခွန်းလွှာနှင့်အဖြေ လွှာများ ထိန်းသိမ်းသည့်လုပ်ငန်း တာဝန် ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း မတ်လ ၁၀ ရက် သတင်းထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။
‘‘အဲဒီလိုတိုက်ခိုက်တဲ့အ တွက် ကျွန်တော်တို့မှာ တပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီးတော့ ထိခိုက် ဒဏ်ရာမစိုးရိမ်ရဒဏ်ရာရတာ နှစ်ဦးရှိတယ်။ ရဲကင်းစခန်းမှူး ရဲအုပ်နဲ့နောက်ထပ်ရဲတပ်ကြပ် တစ်ဦးကတော့ ထိခိုက်ဒဏ်ရာရ ပါတယ်။ နောက်ထပ်ရဲတပ်သား တစ်ဦးကတော့ ပျောက်ဆုံးနေပါ တယ်’’ ဟု ပုဏ္ဏားကျွန်းမြို့မရဲ စခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။
နယ်မြေဒေသ သတ်မှတ် ချက်အရ ၉၆ ပါးရောဂါဖြင့် သေ ဆုံးခြင်းမဟုတ်၍ တပ်ဖွဲ့ဝင်များ ၏ နာရေးကိုနေ့ချင်းပြုလုပ်ရမည် ဖြစ်သဖြင့် မတ်လ ၁၀ ရက်မွန်း လွဲ ၃ နာရီခန့်တွင် သင်္ဂြိုဟ်ခဲ့ သည်။
‘‘သူတို့အကုန်လုံးက ဒေသ ခံတွေပါပဲ။ ပုဏ္ဏားကျွန်းဒေသခံ တွေ၊ ရဲကင်းစခန်းမှူးကလည်း ပုဏ္ဏားကျွန်းမြို့သားပါပဲ။ ကျန် တဲ့တပ်ဖွဲ့ဝင်တွေကလည်းရခိုင် သားတွေပါပဲ။ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေးဆောင်ရွက် နေတဲ့ရဲတပ်ဖွဲ့ဝင်တွေကို အခုလို မျိုးအလစ်ငိုက်တိုက်ခိုက်တာကျ တော့အလွန်ပဲစိတ်မကောင်းဖြစ် ရပါတယ်’’ ဟု အဆိုပါ ရဲအရာ ရှိကပြောသည်။
ယိုးတရုတ်ကျေးရွာသည် ရန်ကုန် - စစ်တွေကားလမ်းဘေး တွင် တည်ရှိပြီးစစ်တွေမြို့နှင့် မိုင် ၃၀ ကျော်၌ တည်ရှိသည်။ ယိုး တရုတ်ရဲစခန်းသည် ရန်ကုန် - စစ်တွေကားလမ်းအနီး တည်ရှိ သည်။ ရဲစခန်းနှင့် ရှစ်မိုင်ခန့် အကွာ ကန်စောက်တောင်တွင် တပ်မတော် တပ်ရင်းရှိကြောင်း ဒေသခံများက ဆိုသည်။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင် သုခကမူ ရဲစခန်းများကို တိုက် ခိုက်ခြင်းနှင့် ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း တပ်မတော် ဘက်က ပြင်းထန်သည့် ထိုးစစ် များ ဆောင်ရွက်ခြင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် AA တပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရခဲ့ ကြောင်း၊ ထို့ကြောင့် အောက် ခြေတပ်များက ရဲစခန်းကိုဝင် တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။ ရဲစခန်းကို တိုက် ခိုက်ခြင်းသည်ထိုးစစ်၏ နောက် ဆက်တွဲဖြစ်ကြောင်း ၄င်းကဆို သည်။
‘‘ပုံမှန် အနေအထားမျိုးဆို ရင် ကျွန်တော်တို့ကအဲဒီလိုရွာ မှာရှိတဲ့ ရဲစခန်းတွေကို တိုက်ခိုက် ဖို့အတွက် ညွှန်ကြားထားတာမ ရှိဘူး။ အခုက ဒီတိုက်ခိုက်မှုဖြစ်တဲ့ ဥစ္စာကလည်း အထက်ကညွှန် ကြားချက်နဲ့ တိုက်တဲ့တိုက်ပွဲ မဟုတ်ဘူး။ အဲဒါကြောင့်မို့ ကျွန် တော်တို့ဘက်က ဒီကိစ္စနဲ့ပတ် သက်ပြီး အောက်ခြေကို ပြန်ပြီး တော့ စုံစမ်းစစ်ဆေးမှုတွေလုပ် နေတာတော့ရှိတယ်’’ ဟု ခိုင်သု ခက ပြောသည်။
ယိုးတရုတ် ကျေးရွာဒေသခံ တစ်ဦးက ‘‘မနေ့ညက သေနတ် သံတွေ အကျယ်ကြီးကြားနေရ တယ်။ ကြောက်လို့ အိပ်တောင် အိမ်မပျော်ဘူး။ ကလေးတွေ ဆို ရင်တအားကြောက်နေကြတယ်။ ဒီလိုမဖြစ်စေချင်ဘူး။ ပြီးတော့ အခုက ၁၀ တန်းစာမေးပွဲလည်း ရှိတယ်လေ။ ရွာမှာစာမေးပွဲ ဖြေနေတဲ့ ကလေးတွေလည်းရှိ တယ်’’ ဟု ပြောသည်။
ရခိုင်အမျိုးသားပါတီ(ANP) အထွေထွေအတွင်းရေးမှူး ဦး ထွန်းအောင်ကျော်က ANP ၏ သဘောထားသည် နိုင်ငံရေး ပြဿနာကို ဥပဒေနှင့်အညီနိုင်ငံ ရေးနည်းဖြင့် ဖြေရှင်းမည်ဟု ကိုင် စွဲထားကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ရည်ရွယ် ချက်နှင့် သဘောတရားကိုနား မလည်သော်လည်း တိုက်ခိုက်နေ မှုများကြောင့် ဒုက္ခဝေဒနာခံစား နေရခြင်းမှာ အပြစ်မဲ့ပြည်သူများ ဖြစ်ကြောင်း၊ ထို့ကြောင့်ပြဿနာ များကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း ကြစေလိုကြောင်း ပြောကြား သည်။
ပုဏ္ဏားကျွန်းမြို့နယ် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ‘‘ရဲတွေ အားလုံးက ဒေသခံတွေပါပဲ။ ယိုးတရုတ်အနီးတစ်ဝိုက်က ရခိုင် ပြည်နယ်က ရခိုင်သားတွေပါပဲ’’ ဟုပြောသည်။
AA သည် တပ်မတော်၏ ထိုးစစ်ကို တုံ့ပြန်သည်ဟုဆိုကာ ယခုနှစ် ဇန်န၀ါရီ ၄ရက် နံနက် အစောပိုင်းတွင် ဘူးသီးတောင်မြို့ နယ်ရှိ တိုင်းရင်းသားကျေးရွာ များ၏ လုံခြုံရေးအတွက် တည်ဆောက်ထားသော ရဲကင်း စခန်းလေးခုကို အင်အားအလုံး အရင်းဖြင့် ၀င်ရောက်တိုက်ခိုက်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့ သည်။
ဖေဖော်ဝါရီ ၂၂ ရက်တွင် ချင်းပြည်နယ်ပလက်ဝမြို့နယ်ရှိ သံထောင်ရဲကင်းစခန်းကိုလည်း ၀င်ရောက် တိုက်ခိုက်ခဲ့သည်။ ယင်းဖြစ်စဉ်၌ ရဲတပ်ဖွဲ့ဝင် ကျ ဆုံးမှုမရှိသော်လည်း ရဲကင်းစခန်း မှူးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရက် အနည်းငယ်အကြာတွင် ပြန် လွှတ်ပေးခဲ့သည်။
ထို့အပြင် ဘူးသီးတောင်မြို့ နယ်ရှိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေ သော ဆောက်လုပ်ရေးလုပ်ငန်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကအင်အား၂၀၀ခန့်ဖြင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ တစ်ဆင့် နှောင့်ယှက်တိုက်ခိုက်မှုများ ပြု လုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁၀ ရက်တွင် သတင်းထုတ်ပြန် သည်။
ထိုသို့နှောင့်ယှက် တိုက် ခိုက်သဖြင့် ဆောက်လုပ်ရေး တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပူးပေါင်း၍ ပြန် လည်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြ ထားသည်။
AA အဖွဲ့ (အကြမ်းဖက် သောင်းကျန်းသူဟုဖော်ပြထား)က ယခုကဲ့သို့ နှောင့်ယှက်တိုက်ခိုက် ခြင်းများ ဆောင်ရွက်လာခြင်း သည် နိုင်ငံတော်၏ နယ်မြေပိုင် နက် လုံခြုံရေး၊ အချုပ်အခြာတည် တံ့ခိုင်မြဲရေးနှင့် ဒေသခံပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ် ကာ ကွယ်စောင့်ရှောက်ရေးတို့ အား နှောင့်ယှက်ဖျက်ဆီးခြင်းဖြစ်၍သောင်းကျန်းသူ နှိမ်နင်းရေးစစ် ဆင်ရေးကို ထိရောက်စွာဆက် လက် ဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန် သည်။
ဖြစ်စဉ်အတွင်း နယ်စပ်ခြံ စည်းရိုးကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက် လုပ်ရေးလုပ်သားများအား လုံ ခြုံသော နေရာသို့ရွှေ့ပြောင်းခဲ့ရ ပြီး သယ်ဆောင်ခြင်းမပြုနိုင် သော ခြံစည်းရိုးလုပ်ငန်းသုံး စက်ယန္တရားများကို လုပ်ငန်းခွင် နေရာတွင် ထားခဲ့ရကြောင်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တပ်မတော်စစ် ကြောင်း၏ ထိုးစစ်ဆင်မှုကို တန် ပြန်ချေမှုန်းရေး ဆောင်ရွက် ခြင်း ဖြစ်ကြောင်း၊ တပ်မတော်ဘက်က လက်နက်ကြီး ပစ်ခတ်မှုများ၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ် စဉ်များနှင့်ပတ်သက်ပြီး AAဘက်က တန်ပြန်ရှင်းလင်းရေးဆောင် ရွက်ခဲ့ရာ ပစ္စည်းများ သိမ်းဆည်း ရမိပြီး လက်နက်အချို့နှင့်ခဲယမ်း များ၊ ဘက်ဟိုး ၁၆စီး၊ ကားနှစ်စီး တို့ပါဝင်ကြောင်းပြောသည်။
‘‘ဒီဟာက ကျွန်တော်တို့ကို ထိုးစစ်ဆင်တဲ့အတွက်ကြောင့် ကျွန်တော်တို့က တန်ပြန်ချေမှုန်း ရေးလုပ်ရတာ။ အဲဒါနယ်စပ်ခြံ စည်းရိုးကာတာ၊ မကာတာကျွန် တော်တို့နဲ့ ဘာမှမဆိုင်ဘူး’’ ဟု ခိုင်သုခက ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရခိုင်ဒေသ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေကြောင်း ၎င်းကဆိုသည်။
ရဲစခန်းအား ၀င်ရောက် တိုက်ခိုက်မှုနှင့် နယ်စပ်အနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအ နေများနှင့်ပတ်သက်၍ တပ်မ တော် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ် သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းထံ ယမန်နေ့က ဆက်သွယ်မေးမြန်း သော်လည်း ဖုန်းအဆက်အသွယ် မရရှိခဲ့ပါ။
ရခိုင်ပြည်နယ်တွင် ရဲစခန်းများ တိုက်ခိုက်ခံရမှု
၂၀၁၆ အောက်တိုဘာ ၉-မောင်တောဒေသမှ နယ်ခြားစောင့် ရဲ စခန်းသုံးခုကို အကာလ်မူလ် မူဂျာဟီဒင်န် အကြမ်းဖက်အဖွဲ့ (ARSA) က တစ်ညတည်း ၀င်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး ကျဆုံး၊ လေးဦး ဒဏ်ရာရရှိ။
၂၀၁၆ နိုဝင်ဘာ ၃-မောင်တောမြို့နယ်ရှိ နိုရူလာရဲကင်း စခန်းကို အကြမ်းဖက်သမားများ ၀င်ရောက်တိုက်ခိုက်မှုကြောင့် ရဲ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိ။
၂၀၁၇ သြဂုတ် ၂၅-မောင်တောဒေသရှိ လုံခြုံရေးရဲကင်း နှင့် ရဲစခန်းစုစုပေါင်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင် တည်း တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ၀န်ထမ်း တစ်ဦး ကျဆုံးပြီး ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး ဒဏ်ရာရရှိ။
၂၀၁၈ ဇန်န၀ါရီ ၄-ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ရှိ နယ်ခြားစောင့်ရဲကင်းစခန်းလေးခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံး၊ ၁၉ ဦး ဒဏ်ရာရရှိ။
၂၀၁၈ ဖေဖော်ဝါရီ ၂၂-ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်ရဲစခန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ၀င်ရောက်တိုက် ခိုက်ပြီး သံထောင်စခန်းမှူးနှင့် သံထောင်ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ကို ဖမ်းဆီးခေါ်ဆောင်သွား၊ နောက်ပိုင်းတွင် ပြန်လွှတ်ပေး။
၂၀၁၈ မတ်လ ၉-ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်း ကို AA က ၀င်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရ၊ တစ်ဦးပျောက်ဆုံး။
7Day







0 comments:
Post a Comment