ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အနေဖြင့် ရဲစခန်းများ၊ အရပ်ဖက် အာဏာပိုင်းများနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်နေမှုများကို ရပ်တန့်ရမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံ၊ ဥရောပ အဖွဲ့ဝင်သံရုံးများ၊ ကနေဒါနှင့် နော်ဝေ သံရုံးတို့မှ သံရုံးအကြီး အကဲများက မတ်လ ၁၄ ရက်စွဲဖြင့် သတင်းထုတ်ပြန် တောင်းဆိုလိုက်သည်။
သတင်းထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတို့တွင် AA လက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့ တပ်မတော်ကြား ဆက်လက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှု များသည် အသက်အိုးအိမ် ဆုံးရှုံ့းနစ်နာမှုများနှင့် ဆိုးရွားသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေကို ဖြစ်ပေါ်လျက်ရှိသည်ဟု ဖေါ်ပြထားသည်။
AA အနေဖြင့် ရဲစခန်းများ၊ အရပ်ဖက်အားဏာပိုင်းများနှင့် လူပုဂ္ဂိုလ်များအား တိုက်ခိုက်မှုများကို ရပ်တန့်ရမည်ဖြစ်ကြောင်း ၂၀၁၉၊ မတ်လ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းနယ်မှ ရဲတပ်ဝင် ၉ ဦး သတ်ဖြတ်ခံရခြင်းကဲ့သို့ လုပ်ရပ်များသည် မည်သို့မှမျှ တရားမျှတမှုမရှိကြောင်းကိုလည်း ထုတ်ပြန်ချက် တွင် ဖေါ်ပြထားသည်။
AA အဖွဲ့သည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက်နေ့ နံနက် အစောပိုင်း ကလည်း ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရဲကင်းစခန်း ၄ခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။
သည့်အပြင် AA သည် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ သံထောင်ရဲစခန်းကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးနှင့် သံထောင်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကာ နောက်ပိုင်းမှသာ ပြန်လွှတ်ပေးခဲ့သည်။ AA သည် ရဲတပ်ဖွဲ့ဝင်များအား ခြိမ်းခြောက် စာများ ပေးပို့ချင်းများကိုလည်း လုပ်ဆောင်ထားသည်။
ဥရာပသမဂ္ဂ၏ ထုတ်ပြန်ထဲတွင် ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နော်ဝေသည် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းမှုများပြုလုပ်ရန် ထပ်လောင်းပြောကြားအပ်ကြောင်း၊ ပြည်ထောင်စုအစိုးရသည် AA လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်လက်ခံကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးမှလည်း ဤအခွင့်အရေးကို ဆုပ်ကိုင်၍ အတိတ်မှ နာကျည်းချက်များကို ဆွေးနွေးမှုများနှင့် နိုင်ငံရေးဖြစ်စဉ်များမှတဆင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် အတွက် အားထုတ်ဆောင်ရွက်မှုများကို အရှိုန်အဟုတ်မြှင့်ရန် မျှာ်မှန်းအပ် ပါသည်ဟု ဖေါ်ပြထားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတို့တွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းနီးပါးရှိနေကြောင်း စစ်ဘေးရှာင်းများကို အကူညီပေးရေး လုပ်ငန်းများဆောင်ရွက်နေသော လူမှုအဖွဲ့များထံမှ သိရသည်။
အောင်ရဲနောင်
The Ladies News







0 comments:
Post a Comment