ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဟာ အမေရိကန်သံအမတ်ကြီး၊ နော်ဝေနိုင်ငံ သံအမတ်ကြီးတို့နဲ့ သီးခြားစီတွေ့ဆုံပြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Scot Marciel၊ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Mrs. Tone Tinnes တို့နဲ့ မတ် ၁၄ ရက် မနက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်းမှာ သီးခြားစီ တွေ့ဆုံခဲ့တာလို့ ပြည်သူ့လွှတ်တော်က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံ သံအမတ်ကြီးနဲ့ အဖွဲ့ကို တွေ့ဆုံရာမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ထိန်းချုပ်ရေးနဲ့ လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
နော်ဝေနိုင်ငံ သံအမတ်ကြီးနဲ့ အဖွဲ့ကို တွေ့ဆုံပွဲမှာလည်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ အကူအညီပေးနေတဲ့ ကိစ္စရပ်တွေ၊ လွှတ်တော်မှာ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနဲ့အတူ ပြည်သူနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော်ရုံးက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
DVB







0 comments:
Post a Comment