Saturday, March 16, 2019

AAC တည်ထောင်သူကို ထိုင်းတရားရုံးက ထောင်ဒဏ်လေးလနှင့် ငွေဒဏ်ချမှတ် ချုပ်ရက်ဖြင့် လွတ်မြောက်၊ နေရပ်ပြန်ပို့မည်ဟုဆို


ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံ ထားရသော မြန်မာလုပ်သားများ အရေးကူညီနေသည့် AAC မဟာမိတ်အဖွဲ့တည်ထောင်သူ ကိုရဲမင်းကို စမွတ်ပါကန်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ်လေးလချမှတ်ခဲ့သည်။ 
ကိုရဲမင်းကို ထိုင်းတရားရုံး က ထောင်ဒဏ်လေးလနှင့်ငွေ ဒဏ်ဘတ်သုံးသောင်း (ကျပ် ၁၄ သိန်း) အပြင် ၎င်းကိုတစ်ပတ်အ တွင်း မြန်မာပြည်ပြန်ပို့မည်ဟု အ မိန့်ချမှတ်ကြောင်း AAC မဟာ မိတ်အဖွဲ့ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။ 

ထို့အပြင် ထိုင်းရောက်မြန် မာလုပ်သားများအရေး ကူညီ ဆောင်ရွက်မှု တစ်နှစ်တိတိမလုပ်ကိုင်ရန် အမိန့်ချကြောင်း ဦးခိုင် ကြီးက ပြောသည်။ 

ကိုရဲမင်းကို ထောင်ဒဏ် လေးလချမှတ်သော်လည်း ချုပ် ရက်ဖြင့် လေးလပြည့်၍ ယမန်နေ့ က လွတ်မြောက်ခဲ့သည်။ သို့ သော် ထိုင်းဥပဒေအရပြစ်ဒဏ် ကျခံပြီးသော ပြည်ပနိုင်ငံသားများ ကို နေရပ်ပြန့်ပို့မည်ဖြစ်၍ လက်ရှိ တွင် ၎င်းကိုထိန်းသိမ်းရေးစခန်းသို့ ပြောင်းရွှေ့ထားကြောင်း ၎င်းကဆက်လက်ပြောသည်။ 

‘‘အလုပ်သမားအရေးမလုပ် ဖို့ပေါ့။ တကယ်လို့ပြဿနာတက် လာရင်၊ အလုပ်ရှင်တွေက တိုင် ကြားရင် ပြစ်ဒဏ်က ထပ်ပြီးခံရ မယ်လို့ ပြောတာပေါ့။ ဗီဇာပိတ် ပင်တာတော့ မဟုတ်ဘူး။ ပြဿ နာမတက်အောင် နေခိုင်းတာ။ လက်ရှိမှာတော့ သူတို့နေရပ်ပြန် ပို့မှာ’’ ဟု ဦးခိုင်ကြီးက ပြော သည်။ ယမန်နေ့က ကိုရဲမင်းကို အမိန့်ချမှတ်ခဲ့သည့် ပြစ်မှုသည် မြန်မာလုပ်သားများ ခေါ်ယူနေ သည့် ထိုင်းနိုင်ငံသားတစ်ဦး၏ အေဂျင်စီအကြောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားခြင်းကြောင့် အသရေဖျက်မှုဖြင့် စွဲဆိုထားသည့်အမှုဖြစ်သည်။ 

‘‘ကိုရဲမင်း ပြန်လွတ်လာ တော့ ထိုင်းမှာရှိနေတဲ့ မြန်မာလုပ် သားတွေအတွက် ဝမ်းသာစရာ သတင်းကောင်းပဲ။ ကိုရဲမင်းမရှိ တော့ ကူညီပေးမယ့်သူ၊ အားကိုး ရမယ့်သူ မရှိဘူး’’ ဟု ထိုင်းနိုင်ငံ မဟာချိုင်တွင် အလုပ်လုပ်ကိုင် နေသော မသူသူဇာကပြောသည်။ 

ကိုရဲမင်းသည် ထိုင်းနိုင်ငံ တွင် ဗီဇာသက်တမ်းရက်လွန်နေ ထိုင်မှုကြောင့် ထိုင်းလူဝင်မှုကြီး ကြပ်ရေးရဲတပ်ဖွဲ့က ၂၀၁၈ အောက်တိုဘာ ၁၈ ရက်၌ ဖမ်း ဆီးခဲ့သည်။ 

ထိုင်းနိုင်ငံအတွင်း ဗီဇာ သက်တမ်း ရက်ကျော်လွန်မှု၊ တ ရားမဝင်နေထိုင်မှုကြောင့် ဖမ်း ဆီးခံရသော မြန်မာလုပ်သားများ ကို ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် နေရပ်ပြန် ပို့နေသည်။ သို့သော်ကိုရဲမင်း သည် ထိုင်းနိုင်ငံအတွင်း အမှုဖွင့် တိုင်ကြားခံထားရသူဖြစ်၍ ၎င်းကို ထိုင်းရဲတပ်ဖွဲ့က အာမခံမပေးဘဲ ဖမ်းဆီးထားသည်။ 

ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သားများအနက် အလုပ်ထုတ် ပယ်ခံရသူများ၊ အလုပ်မရှိသူများနှင့် နေထိုင်ရန် အခက်အခဲရှိသော မြန်မာလုပ်သားအချို့ နေထိုင်စားသောက်ရန် AAC မဟာမိတ်အဖွဲ့သည် မဟာချိုင်မြို့၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၆ ရက် က ဂေဟာတစ်ခုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဖိအားပေးမှုအချို့ ကြုံရသဖြင့် AAC ၏ အကူအညီပေးရေး လုပ်ငန်းအချို့ ရပ်တန့်ခဲ့သည်။

7Day

0 comments:

Post a Comment